Sunday, September 9, 2012

တောင်ပြုံးပွဲ ဓာတ်ပုံ အက်ဆေး




တောင်ပြုန်းပွဲသို့ နှစ်စဉ် ယခုလို လာကြပါတယ်။ ယခင်တုန်းကတော့ နွားလှည်းတွေနဲ့ တတန်းကြီး လာကြတာပါ။ ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ

မန္တလေးမြောက်ဘက် မတ္တရာမြို့နယ်ထဲမှာ ရှိတဲ့ တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား
ပွဲတော် နဲ့ တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ၀ါခေါင်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်) နေ့က စပြီး ကျင်းပနေပါပြီ။ တောင်ပြံးပွဲတော်နဲ့ပတ်သက်ပြီး ဓာတ်ပုံ အက်ဆေးလေးကို တင်ပြပေးလိုက်ပါတယ်။


ဒီကလေးတွေက တောင်ပြုန်းပွဲ လာသူတွေ စွန်ကြဲမယ့် ပိုက်ဆံကောက်ဖို့ စောင့်နေတာပါ။



စွန့်စွန့်စားစား ပိုက်ဆံကောက်နေတဲ့ သူတွေပါ။


တောင်ပြုန်းပွဲက နှစ်စဉ်ဒီလိုစည်းကာစမြဲပါပဲ။


ဒီအနီရောင်လေးထဲက ပန်းစည်းကတော့ တောင်ပြုန်းလာသူတွေရဲ့ ရိုးရာယုံကြည်မှုတခုကိုပြနေပါတယ်။


တောင်ပြုန်းလာသူတွေရဲ့ ရိုးရာယုံကြည်မှုတစ်ခုကိုပြနေတာပါ။





စီးပွားရေးအဆင်ပြေ အစစအရာရာ အဆင်ပြေဖို့ နှစ်စဉ် တောင်ပြုန်းမင်းနှစ်ပါးထံ လာဆုတောင်းသူတွေ မနည်းမနောပါပဲ။


အစစအရာရာ အဆင်ပြေဖို့ ပိုက်ဆံပိုတက်နိုင်သူတွေက ဒီလိုနတ်ကနားပွဲတွေပေးကြပါတယ်။


တောင်ပြုန်းမင်းနှစ်ပါး


နတ်ကတော်တွေကလဲ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ပါ။


တောင်ပြုန်းပွဲမှာ ငွေကြဲနေတာကို တိုးဝှေ့လုကောက်နေကြပါတယ်။


တောင်ပြုန်းမင်းနှစ်ပါးပွဲပေးဖို့ အုန်းငှက်ပျောရောင်းတဲ့ဈေးသည်တွေ နှစ်စဉ်တိုးလာစမြဲပါ။


တောင်ပြုန်းပွဲမှာ ပိုက်ဆံရှိသူတွေကတော့ ငွေကြဲနေသလို ၀မ်းရေးအတွက် ဈေးရောင်းပြီး ငွေရှာနေသူများ လဲအများအပြားပါ။


ဝမ်းရေးအတွက် ယခုလို တောင်းခံနေသူလဲ ရှိပါတယ်။

Link
တောင်ပြုံးပွဲနဲ့ ပတ်သက်သမျှ

ဆရာ ဆူးငှက်ရဲ့ "စုံ" နှစ်မို့ "စည်" အုံးမတဲ့ အို တောင်ပြုံး
မန်းသာလေးရဲ့ ရွှေပြုံး ငွေပြုံး ပျော်ရွှင်မဆုံး ကျမတို့ တောင်ပြုံး

No comments:

Post a Comment