Sunday, September 9, 2012

ယနေ့ နေ့လည် ၁၂ နာရီခန့်က ရန်ကုန် အလုံတွင် အမျိုးသမီး တစ်ဦး ၆ ထပ်တိုက်ပေါ်မှကျသေ



ယနေ့မွန်းလွဲ ၁၂ နာရီကျော်ခန့်က အလုံမြို့နယ်အတွင်း ခြောက်ထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့သည့် အမျိုးသမီးငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ အတည်ပြုပြောကြားသည်။


အလုံမြို့နယ်၊ စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါလမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် နေအိမ်တိုက်ခန်း ခြောက်လွှာ အိမ်နောက်ဖေးဝရန်တာမှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းက စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါ အမျိုးသမီးငယ်သည် အဆိုပါနေအိမ်တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး တိုက်ခန်းပေါ်မှ ပြုတ်မကျမီ သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူကပြောကြားသည်။

No comments:

Post a Comment