Wednesday, September 26, 2012

ချင်းအမျိုးသားတပ်ဦး(CNF)ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းကိုကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး(CNF) ၏ ဆက်ဆံရေးရုံးဖွင့် လှစ်ခြင်းကို ဒေသ ခံပြည်သူများက ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၅)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လူဦးရေ ၃၀၀ ခန့်သည် တီးတိန်မြို့ စကောလမ်းရပ်ကွက်နှင့် မြို့မရပ်ကွက် တို့တွင်  စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ တရားဝင် ခွင့်ပြုချိန်မှာ တစ်နာရီဖြစ်သော်လည်း ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှူးကလာရောက် ၍ တစ်နာရီတိုးမြှင့်ပေးခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူ များကပြောသည်။

``သူတို့ ဆက်ဆံရေးရုံးဖွင့်တာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကျတဲ့ နေရာတွေမှာ၊ အရင်ကတည်းက ဆက်ကြေးကောက်နေတာ။ အခု ပြည်သူ တွေ သူတို့ရုံး မြို့ပေါ် လာဖွင့်တာကို စိုးရိမ်နေကြပြီ´´ဟု ဆန္ဒဖော်ထုတ်မှု ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမုံလက်ကပြောသည်။

``ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးချက် အမှတ်စဉ်(၃)မှာလည်း ပါတယ်။ ရုံးဖွင့်ဖို့ကို ကျွန်တော့်အမြင်ပြောရရင် ပါတီရဲ့မူကို ချပြထားရင် ကန့်ကွက်ကြမှာမဟုတ် ဘူးလို့ထင်တယ်´´ဟု ချင်းအမျိုးသားတပ်ဦး ဒုတိယတာဝန်ခံ ဦးမန်လိုင် ကပြောသည်။

From- 7Day News

No comments:

Post a Comment