Saturday, September 15, 2012

ဒေါ်အောင်ဆန်းစုကြည်၏ US ခရီးစဉ် အချိန်ဇယား





ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - Reuters)

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြန်ထောင်စု ခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ယနေ့ စက်တင်ဘာ လ ၁၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။


၁။ စက်တင်ဘာလ ၁၆ ရက်နေ့- မြန်မာနိုင်ငံက စတင်ထွက်ခွာမည်
၂။ စက်တင်ဘာ ၁၇ ရက်နေ့ -၀ါရှင်တန် ဒီစီသို့ရောက်မည်
၃။ စက်တင်ဘာလ ၁၈ ရက် - Asia Society Glovel Vision Award ဆု လက်ခံယူမည်
၎။ စက်တင်ဘာ ၁၉ ရက်- အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆု ပေးပွဲ တက်မည်
၅။ စက်တင်ဘာ ၂၀ ရက်- ခွန်ထွန်းဦး၊ ဦးကျော်သူ၊ မင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်နှင့် ဦးအောင်ဒင်တို့အား NED မှ ချီးမြှင့်သည့် ဆုပေးပွဲ တက်ရောက်မည်။
၆။ စက်တင်ဘာ ၂၁ ရက်- နယူးယောက်မြို့တွင်ကျင်းပမည့် Atlantic Council Global Citizens Award ဆုပေးပွဲ တက်ရောက်မည်။
၇။ စက်တင်ဘာ ၂၂ ရက်- အမေရိကန်ရောက် မြန်မာ မိသားစုများနှင့် နယူးယောက်တွင် တွေ့ဆုံမည်။
၈။ စက်တင်ဘာ ၂၃ ရက်- University of Louisville သို့ သွားရောက်မည်။
၉။ စက်တင်ဘာ ၂၄ ရက် - -----
၁၀။ စက်တင်ဘာ ၂၅ ရက်- ဖို့ဝိန်းမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။
၁၁။ စက်တင်ဘာ ၂၆ ရက်- ယေးလ် တက္ကသိုလ်သို့သွားရောက်မည်။
၁၂။ စက်တင်ဘာ ၂၇ ရက်- ဟားဗတ်တက္ကသိုလ်သို့သွားရောက်မည်။
၁၃။ စက်တင်ဘာ ၂၈ ရက်- ဆန်ဖရန်စစ္စကိုမြို့ Freedom House သို့ တက်ရောက်မည်။
၁၄။ စက်တင်ဘာ ၂၉ ရက်- ဆန်ဖရန်စစ္စမြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။
၁၅။ စက်တင်ဘာ ၃၀ ရက်- အောက်တိုဘာ ၁ ရက် - --- ----
၁၆။ အောက်တိုဘာ ၂ ရက်- လော့စ်အိန်ဂျလိစ်ရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံမည်။
၁၇။ အောက်တိုဘာ ၃ ရက်- အမေရိကန် ပြည်ထောင်စုမှ ပြန်လည်ထွက်ခွာမည်။

ဦးဥာဏ်ဝင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ



From: Irrawaddy

No comments:

Post a Comment