Wednesday, October 17, 2012

အကယ်ဒမီဆုပေးပွဲ ရန်ကုန်မှာ ပြန်လုပ်မယ်

နေပြည်တော်မှာ ပြောင်းရွှေ့ကျင်းပနေခဲ့တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယခုနှစ်က   ပြန်လည်စတင်ပြီး ရန်ကုန်မြို့မှာ ကျင်းပတော့မှာပါ။ “၂၀၁၁ ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို အနုပညာရှင်များ ပိုမိုစုံညီစွာ တက်ရောက်နိုင် ဖို့အတွက် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်” လို့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က ဆိုထားပါတယ်။ 

လွတ်လပ်စပြုလာတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ တောင်းဆိုမှုအရ အကယ်ဒမီဆုပေးပွဲလို့ လူသိများတဲ့ ရုပ်ရှင်ထူးချွန်ဆု ကို အခုလို ရန်ကုန်မြို့မှာပြန်လည်ကျင်းပဖို့ဖြစ်လာတာလို့လည်း ဆိုကြပါတယ်။ 

သုဝဏ္ဏ အားကစားရုံ အမှတ် ၁ မှာ ကျင်းပမည့် အကယ်ဒမီဆုပေးပွဲမှာ ၂၀၁၁ ခုနစ်အတွင်း ရုံတင်ပြ သခဲ့သည့် မြန်မာ ရုပ်ရှင် ၁၅ ကား အနက်က အကောင်းဆုံး ဆုများကို ချီးမြင့်နိုင်ဖို့ အဆင့်ဆင့် အကဲဖြတ် ရာမှာ ဒုတိယ အဆင့် အကဲ ဖြတ်မှု ပြီးစီးခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့ ရုပ်ရှင်လုပ်ငန်းကို ကိုးကားပြီး နိုင်ငံပိုင် သတင်းစာတွေမှာ ဆို ထားပါတယ်။ 

ဘယ်သူတွေ ဘယ်လို အကယ်ဒမီဆုတွေ ရကြမလဲ ဆိုတာတော့ ဒီဇင်ဘာ ၃၀ ရက်နေ့ကို စောင့်မျှော် ကြည့်ရှု့ကြရမှာ ဖြစ်ပါတယ်။ 

No comments:

Post a Comment