Tuesday, October 16, 2012

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကျဆုံးခြင်း ၆နှစ်ပြည့် အမှတ်တရနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့ ပေါ်ပေါက်ရေး ကြိုးပမ်းမှုပြုလုပ်


16101

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကျဆုံးခြင်း ၆နှစ် ပြည့် အမှတ်တရနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်း သားများနေ့ ပေါ်ပေါက်လာရေး ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အခြေခံပ ညာ ကျောင်းသားသမဂ္ဂအဖွဲ့ အဖွဲဝင်ဟောင်း ဦးကိုကိုမြင့် ၏ ပြောကြားချက်အရ သိရပါသည်။ 
  အဆိုပါအခမ်းအနားကို အောက်တိုဘာလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ ကိုသက်ဝင်းအောင်၏ မိဘများဖြစ်သည့် ဦးအေးမောင်နှင့် ဒေါ်မြမြအေး အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ ၀င်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
16101
ကိုမင်းကိုနိုင်က မြန်မာနိုင်ငံအခြေခံ ကျောင်းသားသမဂ္ဂအလံကို မျိုးဆက်သစ်ကျောင်းသား လူငယ်များထံသို့ လွှဲပြောင်းပေးအပ်နေစဉ်

16102 
ကိုသက်ဝင်းအောင်၏ဖခင် ဖြစ်သူ ဦးအေးမောင်က “အခုလို သားကိုအသိအမှတ်ပြုပြီး ချစ်ခင် လေးစားကြတဲ့အတွက်ဂုဏ်ယူရ သလို ၀ိုင်းဝန်းပြီးလုပ်ဆောင်ပေးကြ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးမှာသားခြောက်ယောက် ရှိပါတယ်။ အားလုံးကို ဦးထက်သာစေချင်တယ်။ အခု သက်ဝင်းအောက်က ဦးရဲ့ဆန္ဒကိုဖြည့်ဆည်း ပေးသွားတယ် လို့ယုံကြည်ပါတယ်”ဟုပြောပြခဲ့သည်။
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က” နိုင် ငံရေးအကျဉ်းသားများနေ့သတ်မှတ် မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီ ထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထောင်ထဲ မှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေ သေးတဲ့အတွက် သူတို့ရော ဘယ်နေ့ကို သတ်မှတ်ချင်လည်းဆိုတာကို ကျွန်တော်တို့နားထောင်ဖို့သင့်ပါ တယ်။ဒီနေ့ကတော့ ကိုသက်ဝင်းအောင်နဲ့အတူ သူကိုယ်စားပြုတာက အဖြူအစိမ်းဝတ်တဲ့ ကျောင်းသား ကျောင်းသူတွေပါ။ သူတို့သမိုင်းကို ကျွန်တော့်မျက်စိနဲ့ ကိုယ်တွေ့တွေခဲ့ ရတာတွေ ရှိပါတယ်။ သူတို့နိုင်တဲ့တာဝန်ကို သူတို့တာဝန်ကျေအောင် လုပ်ခဲ့ပါတယ်”ဟု ပြောကြားခဲ့ပါသည်။


အဆိုပါအခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် လူအခွင့်အရေးတိုက်ပွဲမျာတွင် ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသား  များနှင့် ရဟန်းရှင်လူပြည်သူအပေါင်း အား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ခေတ်အဆက်ဆက်ကကျော် ကြားခဲ့သောကျောင်းသားသီချင်း များဖြစ်သည့်”ကျောင်းသားသမဂ္ဂ”၊ “အောင်ပွဲအဆက်ဆက်ခံဦးမည်”၊ “ခွပ်ဒေါင်းအလံ”၊ “သွေးသစ္စာ”၊ “လူတိုင်း လူတိုင်းအခွင့်အရေး ရှိရမည်”၊ “ကမ္ဘာ မကြေဘူး”၊ “ညီစေနော်ငါတို့ကျောင်းသား”၊ “၈၈ မြန်မာပြည်”စသည့် တေးသီချင်းများကို ကျောင်းသား လူငယ်လေးများက စုပေါင်းသီဆို ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကိုမင်း ကိုနိုင်ကမြန်မာနိုင်ငံအခြေခံ ကျောင်းသားသမဂ္ဂ အလံကို မျိုးဆက်သစ် ကျောင်းသားလူငယ်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားလူငယ်များက ကိုသက်ဝင်းအောင်၏ မိဘများကို လက်အုပ်ချီ ရှိခိုးကန်တော့ ခဲ့ကြသည်။    


No comments:

Post a Comment