Sunday, November 4, 2012

ကြမ်းတမ်းလှသည့် တရုတ်နိုင်ငံမှ မူကြိုကျောင်း

ကမ္ဘာတ၀ှမ်းလုံးကို အကြီးအကျယ်တုန်လှုပ်သွားစေတဲ့ ဖြစ်ရပ်ကတော့ ဒီဓါတ်ပုံတွေပဲဖြစ်ပါတယ် ။ တရုတ်ပြည် တစ်နိုင်ငံလုံးပြစ်တင်ရှံ့ချမှု အကြီးအကျယ်ရင်ဆိုင်နေရတဲ့အပြင် တစ်ကမ္ဘာလုံးကပါ စိတ်ဆိုးဒေါသထွက်စေခဲ့တဲ့
အတွက် အသက် ၂၀ အရွယ် ဆရာမလေး ယန်ယန်ဟုန်ကြောင်းဖြစ်ပါတယ်။ ဒီပုံကတော့ ဆရာမကလေးကနေပြီးအော်ဟစ်ငိုယိုနေတဲ့ကျောင်းသားကလေးကို နားရွက်နေဆွဲပြီးကိုင်မြှောက်နေပုံဖြစ်ပါတယ် ။ တရုတ်နိုင်ငံ ကျေကျန်းပြည်နယ်
ဝန်လင်းဒေသက ဆရာမ ယန်ဟုန်ရဲ့စာသင်ခန်းအတွင်းမှား ကလေးင်ယတွေကို ရေပုံးတွေနဲ့ဦးခေါင်းကိုစွပ်ထားခြင်း ၊ ပါးစပ်တွေကို တိတ်ပလာာစတာဖြင့်ကပ်ထားခြင်း အမှိုက်ပုံးများထဲ ဦးခေါင်းများစိုက်ထားခြင်းစတဲ့ နှလုံးသားကင်းမဲ့တဲ့ စာနာမှုကင်းစွာ နှိပ်စက်အပြစ်ပေးနေတဲ့ပုံပေါင်း ၇၀၂ ပုံပေါ်ပေါက်လာခဲ့တယ် ။ ကလေးငယ်တွေဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့အော်ဟစ် ငိုယိုနေပုံကို ဒီပုံတွေမှာ တွေ့မြင်နိုင်ပါတယ် ။ ဒါ့အပြင်စာသင်ခန်းအတွင်းမှာ ဘီယာပုလင်းလွတ်တွေနဲ့ပျံ့ကျဲ နေတာကိုလည်းတွေ့ခဲ့ရတယ် ။ အဲဒီကြောက်လန့်တုန်လှုပ်ဖွယ်ပုံတွေကို ဆရာမက သူ့ရဲ့မိတ်ဆွေထံပေးပို့ခဲ့ပြီါ်နောက်အွန်လိုင်းပေါ်ရောက်ရှိခဲ့ပြီး ဝေဖန်ဆူညံမှုတွေဖြစ်စေခဲ့ခြင်းဖြစ်တယ် ။

ဆရာမကတော့ ကလေးငယ်ကို နားရွက်ကဆွဲကိုင်ထားခြင်းဟာသူ့ကိုချစ်လို့ ကျီစယ်ခြင်းဖြစ်တယ်နောက်မိတာ   ဖြစ်တယ် လို့ ဆင်ခြေပေးခုခံထားပါတယ် ။

“ ကျွန်မက ဓါတ်ပုံရိုက်ထားချင်ခဲ့တာပါ ပုံရိုက်ပြီးတာနဲ့သူ့ကိုအောက်ကိုပြန်ချပေးခဲ့ပါတယ် ” လို့ ဆရာမကပြောဆိုခဲ့ပါတယ် ။ ဒေသခံပညာရေးဌာနကတော့ ဆရာမကို အလုပ်မှထုတ်ပယ်ခဲ့ပြီး အဲဒီကျောင်းကိုလည်း အပြစ်ပေးအရေးယူခဲ့တယ်လို့သိရပါတယ် ။ ဒီလိုဓါတ်ပုံတွေဟာ မကြာသေးခင်ကလည်း တရုတ်ကျောင်းဆရာမတစ်ဦးက တပည့်လေးတွေကို အချက်ပေါင်းများစွာပါးရိုက်ပြီးဆုံးမနေတဲ့ ဗွီဒီယို မှတ်တမ်းပေါ်လာပြီးနောက်ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

“ ကလေးတွေကို ဒီလောက်ကြမ်းတမ်းစွာ ရိုက်နှက်တဲ့ အပြစ်ပေးတဲ့သူဟာ ဆရာမ မဖြစ်ထိုက်ဘူးလို့ ” ဝေဖန်သူတွေက သုံးသပ်ခဲ့ကြပါတယ် ။

သက်တန့်ချို
Dailymail.co.uk

No comments:

Post a Comment