Saturday, December 15, 2012

သံဃာတော်များထိခိုက် ဒဏ်ရာ ရခဲ့မှုအတွက် နိုင်ငံတော်အစိုးရအဖွဲ့မှ တောင်းပန်မည်


လက်ပံတောင်းတောင်သပိတ်စခန်းများကိုအင်အားသုံးဖြိုခွဲစဉ်သံဃာတော်များထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအပေါ်
 နိုင်ငံတော်အစိုးရအဖွဲ့က ယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့၊ မဟာအတုလဝေယာန်(အတုမရှိကျောင်းတော်
ကြီး) တွင် ၀န်ချတောင်းပန်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အစိုးရအဖွဲ့ကိုယ် စား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ ပြည်ထဲရေး ၀န်ကြီး ဌာနဒုဝန်ကြီး၊ ရဲချုပ်ကျော်ကျော်ထွန်းတို့အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများက အတုမ ရှိကျောင်းတော်ကြီး တွင် သံဃာတော်များကို ၀န်ချတောင်းပန်ကြမည်ဖြစ်သည်။ အထက်ပါအစိုးရအဖွဲ့မှ တာဝန်ရှိသူများမှာ ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်မှ ၁၁ နာရီ ၅၀ မိနစ်အထိ မန္တလေးပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော သံဃာတော်များကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက်ဒဏ်ရာ ရရှိ၍ ဆေးဝါးကု သမှုခံယူနေသော သံဃာတော် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးကို ကျပ်ငွေတစ် သိန်းစီ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာနက လှူဒါန်းခဲ့ပြီး၊ ဆက်လက်၍ ကန်တော်နဒီဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသောသံဃာတော်များကို ကြည့်ရှုအားပေးရန် သွားရောက်နေကြပြီဖြစ်ကြောင်း မန္တလေးမှ 7day သတင်းထောက်က သတင်းပေး ပို့သည်။

From: 7Day

No comments:

Post a Comment