Wednesday, December 12, 2012

မြောက်ကိုရီးယား ဒုံကျည်လွှတ်တင်မှု နိုင်ငံတကာကို အံသြစေေ လာက်အောင် အောင်မြင်ခဲ့

A soldier stands guard in front of the Unha-3 (Milky Way 3) rocket (Photo:REUTERS/Bobby Yip)
၁၂-၁၂-၂၀၁၂ နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆခဲ့ကြသော တာဝေးပစ်ရော့ကတ်ကို လွှတ်တင်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့်စေခဲ့သည်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ကျော်ပြီး
ပစ်လွှတ်ခဲ့သော ရော့ကတ် လွှတ်တင်မှု အောင်မြင်ခဲ့ပြီး ဂြိုဟ်တုတစ်လုံးကို အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ဘက်က ကြေညာခဲ့သည်။ တာဝေးပစ်ရော့ကတ်လွှတ်တင်မှုသည် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ စမ်းသပ်မှုကို တဖက်လှည့်ဖြင့် ပြုလုပ်ခြင်းဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယူဆထားပြီး ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ တောင်ကိုရီးယား အစိုးရမှ အရေးပေါ်အစည်းအဝေး ကျင်းပလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment