Monday, February 11, 2013

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ  
Sunday, 10 February 2013 

ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန်နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံ
တည်ထောင်ရန် စီစဉ်နေကြောင်း E Garage  Auto Service and Spare Part (Myanmar) မှ သတင်းရရှိသည်။

အဆိုပါ ၀န်ဆောင်မှုစင်တာကို အမှတ် ၄၄၃ ပြည်လမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင်  ဖွင့်လှစ်ထားပြီး Business Opening အခမ်းအနားကို
ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

''အခု Business Opening ပွဲပဲ လုပ်သေးတာပါ။ ၀န်ဆောင်မှုတွေကိုတော့ စပေးနေပါပြီ။ Nissan အပြင် တခြားမြန်မာပြည်မှာ လူသုံးများတဲ့ ကားကိုလည်း ၀န်ဆောင်မှုပေးသွားမှာပါ။ အဆင့်မြင့်ကားတွေကို  ကြိုးမဲ့ကွန်ပျူတာစနစ် နည်းပညာသုံးပြီး ပြုပြင်ပေးနေပါတယ်'' ဟု E Garage  Auto Service and Spare Part (Myanmar) မှ Country Manager ဦးအောင်မိုးသန်းက ပြောကြားပါသည်။

E Garage  Auto Service and Spare Part (Myanmar) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လုပ်ငန်းကို မလေးရှား
အခြေစိုက် Tan Chong အုပ်စုက အစုရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးခင်မောင်လွင်က
၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။   

Tan Chong အုပ်စုသည် အရှေ့တောင်အာရှ ဒေသတွင် Nissan အုပ်စု နှင့် အဓိက ချိတ်ဆက်လုပ်ကိုင်နေသည့် မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့တွင် ၀န်ဆောင်မှုစင်တာများ၊ ရောင်းချမှုစင်တာများ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။   

Nissan ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး
မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ Nissan Motor ကုမ္ပဏီကို ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲများကြောင့် ပြင်သစ်ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Renault နှင့် ပူးပေါင်းခဲ့သည်။
    
မြန်မာနိုင်ငံတွင် Toyota ကုမ္ပဏီထုတ် ကားများ လူကြိုက်အများဆုံးဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။   

မြန်မာနိုင်ငံတွင် SPA မှ ဖွင့်လှစ်ထားသော Nissan ၀န်ဆောင်မှုစင်တာ တစ်ခုရှိပြီး အခြား ကားကုမ္ပဏီများဖြစ်သော Toyota၊ Marcede၊ Suzuki တို့ကလည်း ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ထားသည်။

စင်ကာပူအခြေစိုက် Cycle & Carriage Automobile Myanmar Company Ltd. နှင့် မြန်မာနိုင်ငံမှ Automobile Century Co., Ltd. (Myanmar) တို့ ပူးပေါင်း၍ ကားဆားဗစ်စင်တာ တည်ထောင်ရန် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ဓာတ်ပုံ - E Garage Auto Service and Spare Part (Myanmar) မှ ဖွင့်လှစ်ထားသော Nissan Service and Parts Center ၏ လုပ်ငန်းခွင်ကို
တွေ့ရစဉ်

Eleven Media Group
ကမ္ဘာ့ ဆဋ္ဌမမြောက်အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန် နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင် မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ် ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံတည်ထောင်ရန် စီစဉ်နေကြောင်း E Garage Auto Service and Spare Part (Myanmar) မှ သတင်း ရရှိသည်။

အဆိုပါ ၀န်ဆောင်မှုစင်တာကို အမှတ် ၄၄၃ ပြည်လမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး Business Opening အခမ်းအနားကိုဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

''အခု Business Opening ပွဲပဲ လုပ်သေးတာပါ။ ၀န်ဆောင်မှုတွေကိုတော့ စပေးနေပါပြီ။ Nissan အပြင် တခြားမြန်မာပြည်မှာ လူသုံးများတဲ့ ကားကိုလည်း ၀န်ဆောင်မှုပေးသွားမှာပါ။ အဆင့်မြင့်ကားတွေကို ကြိုးမဲ့ကွန်ပျူတာစနစ် နည်းပညာသုံးပြီး ပြုပြင်ပေးနေပါတယ်'' ဟု E Garage Auto Service and Spare Part (Myanmar) မှ Country Manager ဦးအောင်မိုးသန်းက ပြောကြားပါသည်။

E Garage Auto Service and Spare Part (Myanmar) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ် ခဲ့သည်။ အဆိုပါ လုပ်ငန်းကို မလေးရှားအခြေစိုက် Tan Chong အုပ်စုက အစုရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးခင်မောင်လွင်က၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

Tan Chong အုပ်စုသည် အရှေ့တောင်အာရှ ဒေသတွင် Nissan အုပ်စု နှင့် အဓိက ချိတ်ဆက်လုပ် ကိုင်နေသည့် မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ၊ မြန်မာနိုင်ငံတို့တွင် ၀န်ဆောင်မှုစင်တာများ၊ ရောင်းချမှုစင်တာများ၊ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံများ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

Nissan ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီးမြန်မာနိုင်ငံတွင်လည်း လူကြိုက် များသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ Nissan Motor ကုမ္ပဏီကို ၁၉၃၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲများကြောင့် ပြင်သစ်ကားကုမ္ပဏီ တစ်ခုဖြစ် သည့် Renault နှင့် ပူးပေါင်းခဲ့သည်။

မြန်မာနိုင်ငံတွင် Toyota ကုမ္ပဏီထုတ်ကားများလူကြိုက်အများဆုံးဖြစ်ပြီးမြန်မာနိုင်ငံအတွင်း ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် SPA မှ ဖွင့်လှစ်ထားသော Nissan ၀န်ဆောင်မှုစင်တာ တစ်ခုရှိပြီး အခြား ကားကုမ္ပဏီများဖြစ်သော Toyota၊ Marcede၊ Suzuki တို့ကလည်း ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ထား သည်။

စင်ကာပူအခြေစိုက် Cycle & Carriage Automobile Myanmar Company Ltd. နှင့် မြန်မာနိုင်ငံမှ Automobile Century Co., Ltd. (Myanmar) တို့ ပူးပေါင်း၍ ကားဆားဗစ်စင်တာ တည်ထောင်ရန် လုပ်ကိုင် ခွင့် ရရှိထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment