Friday, March 22, 2013

လက်ပံတောင်းေ တာင် ကြေးနီ စီမံကိန်း တရားဝင် ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် 
ခွင့်ပြုလိုက်ပြီ
Friday, March 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ 
ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိရသည်။ 

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်း သို့ရောက် ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

 တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 


မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိ ရသည်။ စီတန်းလှည့် လည်ခြင်း ကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News

No comments:

Post a Comment