Friday, March 22, 2013

တစ်ဖက် နိုင်ငံသို့ ရောင်းစားခြင်း ခံနေရသော ကျေးလက် မိန်းမပျိုလေး များအား ရှာဖွေ ဖော်ထုတ် ကူညီပေးသင့်

Photo: တစ်ဖက် နိုင်ငံသို့ ရောင်းစားခြင်း ခံနေရသော ကျေးလက် မိန်းမပျိုလေး များအား ရှာဖွေ ဖော်ထုတ် ကူညီပေးသင့် 
Friday, March 22, 2013

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် နှမ်းဆီကန် ကျေးရွာရှိ မိန်းမပျိုလေး နှစ်ဦးအား လိမ်လည် လှည့်ဖြား၍ တစ်ဖက် နိုင်ငံသို့ 
ရောင်းစားခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။

''ကျွန်မနဲ့ မဌေးပိုကို မန္တလေးမှာ အိမ်အကူ အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်ဆောင် သွားတာပါ။ ၂ဝဝ၇ ခုနှစ် သင်္ကြန် မကျခင် အချိန်မှာပါ''ဟု ခြောက်နှစ်ကြာ ကွဲကွာနေပြီး   ဇာတိ ရပ်ရွာသို့ ကံကောင်းခြင်း များစွာဖြင့် ပြန်ရောက်လာသော မခင်စိုးက ပြောသည်။ 

မခင်စိုးနှင့် မဌေးပို တို့အား မန္တလေး-မူဆယ်-ရွှေလီမှ တစ်ဆင့် တစ်ဖက်နိုင်ငံ အတွင်းသို့  ခေါ်ဆောင်လျက် အသက်အရွယ် ကြီးမားသော အဘိုးအို၏ မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ ရသည်ဟု မခင်စိုးက ဆက်လက်
ပြောပြသည်။ 

တစ်ဖက် နိုင်ငံ အတွင်း ရောက်၍ မဌေးပိုနှင့်  မခင်စိုးအား လူချင်း ခွဲထုတ်ရန် လုပ်ဆောင်လာသည်။ မခင်စိုးအား ဈေးသွားဝယ်ရန် အကြောင်းပြ၍ လူချင်း ခွဲထုတ်သည်ကို အချိန် ကြာလာသ ည်နှင့် အမျှ ရိပ်မိ၍ တည်းခိုခန်းသို့ အမြန်ဆုံး ပြန်လာခဲ့သည်။ 

တည်းခိုခန်း၌ ကျန်ခဲ့သူ မဌေးပိုမှာ ပျောက်ဆုံး သွားခဲ့ရာ ယနေ့တိုင် 
သတင်း အစအန မရရှိ တော့ကြောင်း သိရသည်။ ကျန်ခဲ့သူ မခင်စိုးအား  တစ်ဖက်နိုင်ငံ အတွင်း အဘိုးအို တစ်ဦး၏ မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ မခင်စိုး သည် အချိန် မနှောင်းခင် သတ္တိ ရှိရှိဖြင့် ထွက်ပြေး ခဲ့သည်။

စွန့်စား ထွက်ပြေးရာတွင် ကူညီ စောင့်ရှောက်သူ များနှင့် တွေ့ဆုံခဲ့၍ မခင်စိုး၏ ဘဝသည် အကျည်းတန် ရုပ်ဆိုးခြင်း ဘေးမှ ကင်းလွတ် 
ခဲ့ရသည်။ လူသားချင်း စာနာစွာ ကူညီ စောင့်ရှောက်သူ များနှင့် တွေ့ဆုံ၍ ဝမ်းရေးအတွက် အလုပ် လုပ်ကိုင်ရင်း ဝမ်ရှီတုံ အမည်ရှိ အမျိုးသားနှင့် အိမ်ထောင် ကျခဲ့သည်။ 

ယခုအခါ ဝမ်ယုချီ အမည်ရှိ ငါးနှစ်သား အရွယ် သားကလေး တစ်ယောက် ရရှိနေပြီ ဖြစ်ကြောင်း မခင်စိုးက ပြောပြသည်။ မခင်စိုးသည် ဇာတိ ရပ်ရွာနှင့် ခြောက်နှစ်တာ ကာလအထိ ခွဲခွာရ၍ အမျိုး သားနှင့် ယောက္ခမ
ဖြစ်သူအား   ခွင့်ပန်ကာ နှမ်းဆီကန် ရွာနေ မွေးမိခင် အိုကြီးကို ခေါ်ယူရန် ၂ဝ၁၃ ခုနှစ် မတ်လဆန်းက ရွာသို့ ပြန်ရောက် လာခဲ့သည်။  

''အဖေက မရှိတော့ ပါဘူး။ ကျန်ခဲ့တဲ့ အမေ့ကို ခေါ်ယူဖို့ ပြန်လာတာပါ၊ သူတို့ကလည်း ခွင့်ပြုပါတယ်။ လမ်းမှာ အခက်အခဲ မရှိအောင် မြန်မာစကား တတ်တဲ့သူတို့ ဆွေမျိုး အမျိုးသမီး အဖော် နဲ့ ပြန်ရောက် လာတာပါ။ ကျွန်မက ပြန်သွားမှာပါ။ သားလေးကလည်း ဟိုမှာ ကျန်ခဲ့ပါတယ်။ သည်ရောက်တော့ ကျွန်မနဲ့ အတူ ရောင်းစားခံခဲ့ ရတဲ့ မဌေးပို အကြောင်း ကြားရတော့ အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်''ဟု မခင်စိုးက ပြောသည်။

မဌေးပို၏ ဆွေမျိုးသားချင်း မိဘများသည် မဌေးပို အရေး ကိစ္စအား
ဖြေရှင်းပေးရန် သက်ဆိုင် ရာသို့ တိုင်ကြားထားပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ 

မသိ နားမလည်သော ကျေးလက်ဌာနေ မိန်းမပျို လေးများအား တစ်ဖက်
နိုင်ငံသို့ လှည့်စားကာ ရောင်းစားနေသော  လုပ်ရပ်များကို နိုင်ငံတော်မှ ထိရောက်စွာ အရေးယူလျက် ဒုက္ခ ရောက်နေသော မိန်းမပျို လေးများကို အမြန်ဆုံး ရှာဖွေဖော်ထုတ် ကူညီ ပေးသင့်ကြောင်း ဒေသခံ ပြည်သူများက  လိုလားတောင့်တ နေကြောင်း သိရသည်။

နေဦးမောင် (ပခုက္ကူ)
မြဝတီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် နှမ်းဆီကန် ကျေးရွာရှိ မိန်းမပျိုလေး နှစ်ဦးအား လိမ်လည်လှည့်ဖြား၍ တစ်ဖက်နိုင်ငံသို့ ရောင်း စားခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။''ကျွန်မနဲ့ မဌေးပိုကို မန္တလေးမှာ အိမ်အကူ အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်ဆောင် သွားတာပါ။ ၂ဝဝ၇ ခုနှစ် သင်္ကြန် မကျခင် အချိန်မှာပါ''ဟု ခြောက်နှစ်ကြာ ကွဲကွာနေပြီး ဇာတိ ရပ်ရွာသို့ ကံကောင်းခြင်းများစွာဖြင့် ပြန်ရောက်လာသော မခင်စိုး က ပြော သည်။ မခင်စိုးနှင့် မဌေးပိုတို့အား မန္တလေး-မူဆယ်-ရွှေလီမှ တစ်ဆင့် တစ်ဖက်နိုင်ငံ အတွင်းသို့ ခေါ်ဆောင်လျက် အသက်အရွယ် ကြီးမားသော အဘိုးအို၏ မယားအဖြစ် ရောင်း စားခြင်းခံခဲ့ ရသည်ဟု မခင်စိုးက ဆက်လက်ပြောပြသည်။

တစ်ဖက်နိုင်ငံအတွင်းရောက်၍ မဌေးပိုနှင့် မခင်စိုးအား လူချင်းခွဲထုတ်ရန် လုပ်ဆောင်လာသည်။ မခင်စိုး အား ဈေးသွားဝယ်ရန် အကြောင်းပြ၍ လူချင်းခွဲထုတ်သည်ကို အချိန်ကြာလာသည်နှင့်အမျှ ရိပ်မိ၍ တည်းခို ခန်းသို့ အမြန်ဆုံး ပြန်လာခဲ့သည်။

တည်းခိုခန်း၌ ကျန်ခဲ့သူ မဌေးပိုမှာ ပျောက်ဆုံးသွားခဲ့ရာ ယနေ့တိုင် သတင်းအစအန မရရှိတော့ကြောင်း သိရသည်။ ကျန်ခဲ့သူ မခင်စိုးအား တစ်ဖက်နိုင်ငံအတွင်း အဘိုးအိုတစ်ဦး၏မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ မခင်စိုးသည် အချိန်မနှောင်းခင် သတ္တိရှိရှိဖြင့် ထွက်ပြေးခဲ့သည်။

စွန့်စားထွက်ပြေးရာတွင် ကူညီစောင့်ရှောက်သူများနှင့် တွေ့ဆုံခဲ့၍ မခင်စိုး၏ဘဝသည် အကျည်းတန် ရုပ်ဆိုးခြင်းဘေးမှ ကင်းလွတ်ခဲ့ရသည်။ လူသားချင်းစာနာစွာကူညီစောင့်ရှောက်သူများနှင့်တွေ့ဆုံ၍ ဝမ်းရေး အတွက် အလုပ်လုပ်ကိုင်ရင်း ဝမ်ရှီတုံအမည်ရှိ အမျိုးသားနှင့် အိမ်ထောင်ကျခဲ့သည်။

ယခုအခါ ဝမ်ယုချီအမည်ရှိ ငါးနှစ်သားအရွယ် သားကလေးတစ်ယောက်ရရှိနေပြီဖြစ်ကြောင်း မခင်စိုး က ပြောပြသည်။ မခင်စိုးသည် ဇာတိရပ်ရွာနှင့် ခြောက်နှစ်တာကာလအထိ ခွဲခွာရ၍ အမျိုး သားနှင့် ယောက္ခမဖြစ်သူအား ခွင့်ပန်ကာ နှမ်းဆီကန်ရွာနေ မွေးမိခင်အိုကြီးကို ခေါ်ယူရန် ၂ဝ၁၃ ခုနှစ် မတ်လဆန်းက ရွာသို့ ပြန်ရောက်လာခဲ့သည်။

''အဖေကမရှိတော့ပါဘူး။ ကျန်ခဲ့တဲ့အမေ့ကို ခေါ်ယူဖို့ ပြန်လာတာပါ၊ သူတို့ကလည်း ခွင့်ပြုပါတယ်။ လမ်းမှာ အခက်အခဲ မရှိအောင် မြန်မာစကားတတ်တဲ့သူတို့ ဆွေမျိုးအမျိုးသမီးအဖော်နဲ့ ပြန်ရောက်လာတာပါ။ ကျွန်မ က ပြန်သွားမှာပါ။ သားလေးကလည်း ဟိုမှာကျန်ခဲ့ပါတယ်။ သည်ရောက်တော့ ကျွန်မနဲ့အတူ ရောင်းစားခံခဲ့ ရတဲ့ မဌေးပို အကြောင်း ကြားရတော့ အလွန်ပဲစိတ်မကောင်း ဖြစ်မိပါတယ်''ဟု မခင်စိုးက ပြောသည်။

မဌေးပို၏ ဆွေမျိုးသားချင်း မိဘများသည် မဌေးပို အရေးကိစ္စအား ဖြေရှင်းပေးရန် သက်ဆိုင်ရာသို့ တိုင်ကြား ထားပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မသိ နားမလည်သော ကျေးလက်ဌာနေ မိန်းမပျိုလေးများအား တစ်ဖက်နိုင်ငံသို့ လှည့်စား ကာ ရောင်းစားနေသော လုပ်ရပ်များကို နိုင်ငံတော်မှ ထိရောက်စွာ အရေးယူလျက် ဒုက္ခရောက်နေသော မိန်းမပျိုလေးများကို အမြန်ဆုံးရှာဖွေဖော်ထုတ် ကူညီပေးသင့်ကြောင်း ဒေသခံပြည်သူများက လိုလားတောင့် တ နေကြောင်း သိရသည်။

နေဦးမောင် (ပခုက္ကူ)
မြဝတီ

No comments:

Post a Comment