Saturday, March 2, 2013

MLTR အဖွဲ့၏ဖျော်ဖြေပွဲကို ယခု ၃၁ ရက်တွင် ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်၌ပြုလုပ်မည်

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာ MLTR အဖွဲ့၏ တေးသီချင်းများကို ကိုယ်တိုင်သီဆို၊ ကခုန်ကာ ဆဲလ်ဖုန်းသို့မဟုတ် ဒစ်ဂျစ်တယ်ကင်မရာဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုများဖြင့် အခမဲ့လက်မှတ်အပါအ၀င် အခြားသော ကံစမ်းမဲများကို ကံစမ်းခွင့်ရရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မတ်လ ၁ရက်မှစတင်ကာမိမိတို့ရိုက်ကူးထားသည့်တေးသီချင်းဗီဒီယိုဖိုင်များကို You Tube တွင်တင်ကာ MLTR in YANGON သို့မဟုတ် Pastel Communications ဖေ့စ်ဘွတ်စာမျက်နှာများတွင် လင့်ခ် ချိတ်ဆက်ကာ တင်ထားရမည်ဖြစ်သည်။

ဗီဒီယိုတစ်ခုချင်းစီသည် Likes အရေအတွက် အနည်းဆုံး ၂၅ ခုရရှိမည်ဆိုပါက အခမဲ့လက်မှတ်များ၊ တီရှပ်များ၊ ပိုစတာစသည်များကို ကံစမ်းခွင့်ရရှိ မည်ဖြစ်ကြောင်းသိရသည်။ MLTR အဖွဲ့၏ဖျော်ဖြေပွဲကို ယခု ၃၁ ရက်တွင် ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်၌ပြုလုပ်မည်ဖြစ်သည်။

No comments:

Post a Comment