Monday, April 8, 2013

ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် သံတမန်များ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် မြောက်ကိုရီးယားက သတိပေး

ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် သံတမန်များ

ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် မြောက်ကိုရီးယားက သတိပေး

Monday, April 8, 2013

မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် နိုင်ငံအတွင်းရှိ သံတမန် များအား ဧပြီ ၁ဝ ရက် နောက်ပိုင်း

တွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့ သောကြောင့် ဘေး

ကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန်၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများအား တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တာလတ်ပစ် ပဲ့ထိန်းဒုံး နှစ်စင်းအား နိုင်ငံ

၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့ပြီး စစ်ရေး တင်းမာမှု မြင့်မားနေ ချိန်တွင် ဥရောပ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအား

နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က ဥရောပ နိုင်ငံများသို့ အကြောင်း

ကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ Musudan ဒုံးကျည်များအား ယခုပတ် အစောပိုင်းက ရထားဖြင့် တင်ဆောင်ကာ အရှေ့ဘက် ကမ်းရိုး

တန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း ဒုံးကျည်များအား တစ်ကြိမ်တစ်ခါမျှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်း မရှိသော်လည်း ကီလိုမီတာ ၃ဝဝဝ (၁၈၆ဝ မိုင်) အကွာအဝေးထိ ပစ်ခတ်နိုင်ကြောင်း ယူဆရဖွယ် ရှိသည်။

၎င်း အကွာအဝေးသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ မည်သည့် ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်းနှင့် ပစိဖိတ်ဒေသ ဂူအမ်ကျွန်းရှိ အမေရိကန် စစ် အခြေစိုက် စခန်းများသို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအား ကုလလုံခြုံရေး ကောင်စီ က အရေးယူ ပိတ်ဆို့ခဲ့မှုနှင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်စဉ် ပြုလုပ်သည့် ပူးပေါင်း

စစ်ရေး လေ့ကျင့်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံ

တို့ အကြား တင်းမာမှု မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော သီတင်း

ပတ် များကပင် နျူကလီးယား စစ်ပွဲ ဖြစ်ပွားရန် သတိပေးချက်များ ထုတ်

ပြန် ခဲ့ခြင်း ဖြစ်သည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် နိုင်ငံအတွင်းရှိ သံတမန် များအား ဧပြီ ၁ဝ ရက် နောက်ပိုင်းတွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့ သောကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန်၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများအား တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရသည်။မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တာလတ်ပစ် ပဲ့ထိန်းဒုံး နှစ်စင်းအား နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့ပြီး စစ်ရေး တင်းမာမှု မြင့်မားနေ ချိန်တွင် ဥရောပ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအားနိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က ဥရောပ နိုင်ငံများသို့ အကြောင်းကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ Musudan ဒုံးကျည်များအား ယခုပတ် အစောပိုင်းက ရထားဖြင့် တင်ဆောင်ကာ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း ဒုံးကျည်များအား တစ်ကြိမ်တစ်ခါမျှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်း မရှိသော်လည်း ကီလိုမီတာ ၃ဝဝဝ (၁၈၆ဝ မိုင်) အကွာအဝေးထိ ပစ်ခတ်နိုင်ကြောင်း ယူဆရဖွယ် ရှိသည်။
၎င်း အကွာအဝေးသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ မည်သည့် ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်းနှင့် ပစိဖိတ်ဒေသ ဂူအမ်ကျွန်းရှိ အမေရိကန် စစ် အခြေစိုက် စခန်းများသို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအား ကုလလုံခြုံရေး ကောင်စီ က အရေးယူ ပိတ်ဆို့ခဲ့မှုနှင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်စဉ် ပြုလုပ်သည့် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့ အကြား တင်းမာမှု မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော သီတင်းပတ် များကပင် နျူကလီးယား စစ်ပွဲ ဖြစ်ပွားရန် သတိပေးချက်များ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
မြ၀တီ

No comments:

Post a Comment