Sunday, September 2, 2012

ဒေါက်တာနိုင်အောင် ၁၉၉၂ ထုတ်ပြ န်ကြေငြာချက်





ABSDF မြောက်ပိုင်းတွင်ဖမ်းဆီးထားခြင်းခံထားရသောစပိုင်များနှင့်ပတ်သက်ပြီး
ABSDF ဥက္ကဌဒေါက်တာနိုင်အောင်၏ထုတ်ပြန်ကြေငြာချက်

ကျနော်ကချင်ဒေသကိုသွားရောက်ပြီးတစ်လအကြာမှာ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ်ယခင်ကထက် ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ ကျနော်အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို သဘော ထားရိုးစွာဖတ်ရှု့နားထောင်ခဲ့ပါတယ်၊
အထူးသဖြင့်မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေး ယန္တယားတစ်ခုဖြစ်နေယုံမျှမက ရှစ်လေး လုံးပြည်သူအုံကြွမှုကိုလည်း မင်းမဲ့စရိုက်ဖြစ်လာအောင် လုပ်ဆောင် ခဲ့မှုတွေအတွက်လည်းတာဝန်ရှိခဲ့ပါတယ်၊
သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ညီညွတ်ရေးကိုဖြိုခွဲကာလက်ဦးမှုကိုရယူသွား ရန်ဖြစ်တယ်၊
သူတွေဟာလူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီးနည်းမျိုးစုံနဲ့ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံအင်အားစုတွေကိုပဲဖြစ်တယ်၊ ABSDF ဟာစပိုင်တွေရဲ့အဓိကမဟာဗျူ ဟာပြစ်မှတ်တစ်ခဲ့ဖြစ်ပြီး”Water Wave”ရေလှိုင်းစစ်ဆင်ရေးခေါင်းစဉ်အောက် ကထိုးဖေါက်ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင် ရမဲ့အပိုင်းတွေက
၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး
၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး
၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊
နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်
သည့် ၁၉၉၂နှစ်ကုန်ပိုင်းပင်ဖြစ်သည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပ
ခင်အလင်းဝင်ကြရန်ဖြစ်ပြီး ကျန်နေမဲ့အုပ်စုတွေကိုတော့ဖိအားတွေကိုအပြင်းအထန်ပေးပြီး
အမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန် တွင်အလင်းဝင်ကြ ရန်ပင်ဖြစ်သည်၊
(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကတော့၁၉၉၂နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် အမျိုးသားညီလာခံ
အကြောင်းကိုမူလကပင်သိရှိထားပြီးသားဖြစ်သည်)နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်
အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့ မှန်ကန်စွာဆုံးဖြတ်ပြီးသေဒဏ်ပေးခဲ့တဲ့ဒီစပိုင်(၁၅)ဦးအတွက် လုံးဝအငြင်းပွါးစရာမရှိပါ၊ သို့သော် လည်းပဲကျနော်အနေဖြင့် ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် တွေမှာလုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း တာဝန်ရှိခဲ့ တယ်ဆို တာလက်ခံပါတယ်၊
နိုင်ငံတကာလူထုလူတန်းစားတွေကိုကျနော်တို့ရှင်းပြချင်တာကတော့ ကျနော်တို့နောက်ထပ် ကျန်ရှိနေသေး တဲ့စပိုင်တွေ ကို အပြုသဘောဆောင်စွာဖြေရှင်း သွား မယ်ဆိုတာပါပဲ၊
မကြာသေးခင်ကပဲ ကျနော်မဟာမိတ်အင်အားစုကခေါင်းဆောင်တွေ ABSDF မြောက်ပိုင်းကကော်မီတီဝင်တွေ နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအောက် ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ဘို့ဆုံးဖြတ်ခဲ့ကြပါတယ်၊
၁၊ ABSDF ကနေပြီးတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး
၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုဆီသို့ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို
သာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊
၃၊ ကျနော်အနေဖြင့်လုံးဝလက်မခံနိုင်သောစပိုင့်များကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေးအတွက်နိုင်ငံတကာ အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်သည်၊ ABSDF ကလည်း နိုင်ငံတကာအဖွဲ့အစည်း များနှင့် ဒီမိုက ရက်တစ်အစိုးရများထံ ၄င်းတို့အားမြန်မာပြည်ဒီမိုကရေစီရရှိသည်အထိလက်ခံသွား ပါရန် မေတ္တာရပ် ခံသွားမည်ဖြစ်သည်၊
၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်
ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊
၅၊ သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာအာဏာရှစ်စနစ်
ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့အနာဂတ်အကျိုးစီးပွါးနဲ့လူအ
ခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့မှသူတို့နဲ့ပတ်သက်တဲ့စပိုင့်
မှတ်တန်းအထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်
၆၊ ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ
စပိုင်တွေရဲ့အနာဂတ်အတွက်ကျနော်တို့ကိုနားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြ
ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊

တည်ကြည်စွာဖြင့်
လက်မှတ်
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်
ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF


From: ME

No comments:

Post a Comment