၂၀၁၃ ခုနှစ်အတွက်
ဂင်းနစ်စံချိန်တင် စာအုပ်တွင် ထည့်သွင်းဖော်ပြရန် ကမ္ဘာ့အရပ်အမြင့်ခွေးအဖြစ် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်
အော့တ်စတီဂိုမှ Zeus အမည်ရှိ ခွေးကြီးအား အတည်ပြု ရွေးချယ်လိုက်သည်။
အော့တ်စတီဂိုမှ Zeus အမည်ရှိ ခွေးကြီးအား အတည်ပြု ရွေးချယ်လိုက်သည်။
၂၀၁၃ ခုနှစ်အတွက်
ဂင်းနစ်စံချိန်တင် စာအုပ်တွင် ထည့်သွင်းဖော်ပြရန် ကမ္ဘာ့အရပ်အမြင့်ခွေးအဖြစ်
အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် အော့တ်စတီဂိုမှ Zeus အမည်ရှိ
ခွေးကြီးအား အတည်ပြု ရွေးချယ်လိုက်သည်။ အသက် ၃ နှစ်သား Zeus သည် ခြေထောက်မှ
ပခုံးအထိ (foot to shoulder) အထက်အောက်အမြင့် ၄၄ လက်မရှိကြောင်း သိရသည်။

၎င်း၏ နောက်ခြေထောက်များဖြင့် မတ်မတ်ရပ်လိုက်ပါက ၇ ပေနှင့် ၄ လက်မမြင့်မားကာ သခင်ဖြစ်သူ အမျိုးသမီး၏ အရပ်ထက်ပင် ပိုမိုမြင့်မားသွားသည်။ Zeus သည် အလေးချိန် ၁၅၅ ပေါင်ရှိပြီး သီတင်းနှစ်ပတ်တွင် အစားအစာ ၃၃ ပေါင်ခန့် ပုံမှန်စားလေ့ရှိသည်။

ယခင် ကမ္ဘာ့အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်စံချိန်တင်ထားသော Gaint George အမည်ရှိ ခွေးကြီးထက် Zeus က တစ်လက်မ ပိုမိုရှည်လျားခြင်း ဖြစ်သည်။ Zeus နှင့်အတူ သွားလာရန်အတွက် ကျယ်ဝန်းရှည်လျားသော ဗင်ကားတစ်စီးကို ဝယ်ယူခဲ့ရကြောင်း ပိုင်ရှင်အမျိုးသမီးက ပြောကြားသည်။

No comments:
Post a Comment