၂၁ စက်တင်ဘာ ၂၀၁၂။ ဒီနေ့မနက် ၃ နာရီက နေပြည်တော် ကိုထွက်ဖို့စုရပ်အဖြစ်လုပ်ထားတဲ့ ရန်ကုန်မြို့၊မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာ မှာ နေပြည်တော်သို့ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေ က ဖိအားပေးခဲ့တဲ့အတွက် ကားသမားတွေက သတင်းထောက်တွေအပြင် ကချင်တိုင်းရင်းသားတွေကိုထားရစ်ခဲ့ပြီး ကားတွေကို နောက်ကြောင်းပြန်မောင်းသွားခဲ့ကြအပြီးမှာ စမ်းချောင်းမြို့
နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ နေပြည်တော်ကိုသွားကြမယ့် ကချင်တိုင်းရင်းသားတွေကြား စကားအခြေအတင်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။
နေပြည်တော်ကိုမသွားဖြစ်တော့တဲ့ ကချင်တိုင်းရင်းသားတွေဟာ ဒဂုံစင်တာကနေ
ပြည်သူ့ရင်ပြင် ကိုငြိမ်းချမ်းစွာလမ်းလျှောက်ကြဖို့ကြိုးစားကြရာမှာလည်း
ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တဲ့အတွက် လမ်းတစ်ဝက်မှာ ရပ်တန့်ခဲ့ရပြီး ခရစ်ယန်ဘာသာအရ ဆုတောင်းမှုတွေ ပြုကြပြီး ဓမ္မတေးများသီဆိုကာ လူစုခွဲပြီး ၁၀ နာရီခွဲမှာ စတင်ကြမယ့် မြို့တော်ခန်းမရှေ့ကို ဆက်လက်ထွက်ခွါခဲံ့ကြပါတယ်။
( ရန်ကုန်အခြေအနေ )
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ
အဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့၏ တားမြစ်ချက် အရ
ပြည်သူ့ရင်ပြင်ဝင်ပေါက်၊ စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့ တွင် ငြိမ်းချမ်းရေးသီချင်းများသီဆို အပြီး
နံနက် ၇း၅၀ မိနစ်ဝန်းကျင်တွင် လူစုခွဲပြီး ထွက်ခွာခဲ့ကြသည်။
နံနက် ၁၀
နာရီဝန်းကျင်တွင် ဆူးလေမှ အင်းလျားကန်ဘောင်သို့
ငြိမ်းချမ်းစွာလမ်းလျှောက်ကြမည့် အခြားသောအဖွဲ့များနှင့် သွားရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင်လည်း ထပ်မံဆန္ဒဖော်ထုတ်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြော င်း အဖွဲ့ခေါင်းဆောင် ကိုမရမ်ဂျော်ဂွမ်းက ပြောကြားခဲ့ပါသည်။
သတင်းDVB နှုင့်Eleven Media Group
No comments:
Post a Comment