တိုက်မိကာ
ထွက်ပြေးသွားကြောင်း ယင်းနေ့ညက မျက်မြင်များ၏ ပြောကြားချက်ကို ၎င်းက ဆက်လက်
ပြောကြား သည်။
''ရောက်ပြီး နောက်နေ့မှာ ပထမဆုံး ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ရတယ်၊ နောက် ၁၇ရက်နေ့က တစ်ခါ ခွဲစိတ် ရတယ်၊ စရောက်ကတည်းက သတိ မရသေးဘူး၊ ဆရာဝန်ကြီး ပြောတာတော့ ၅၀/၅၀ တဲ့" ဟုယင်းက မြေးဖြစ်သူ၏ အခြေအနေကို ပြောဆိုသည်။
ယာဉ်တိုက်မှုများနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူများက သက်သေ မလိုက်ချင်ကြောင်း၊ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရေးတွင် ၄င်းတို့၏ အကူအညီ လိုအပ်ပြီး စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းအမှတ်(၇) နယ်မြေ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဇင်မျိုးမင်း က The Voice Weekly သို့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားသည်။

From- The Voice Weekly
No comments:
Post a Comment