Friday, October 5, 2012

ဘင်္ဂလာဒေ့ရှ် ဗုဒ္ဓဘာသာကျောင်းကန်များအား တိုက်ခိုက်ခဲ့မှုအား စစ်တွေတွင် ကန့်ကွက် ဆန္ဒပြမည်

ပြီးခဲ့သော အောက်တိုဘာလ နှစ်ရက်နေ့ က စစ်တွေမြို့မိဇံရပ်ကွက် ရက္ခ၀တီ  လက်ဖက်ရည်ဆိုင်တွင် စစ်တွေမြို့ခံ  လူမှုတက်ကြွလှုပ်ရှား သူပေါင်းငါးဆယ်ခန့် စည်းဝေးကြပြီး၊ ပြီးခဲ့သော စက်တင်ဘာလအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း ခရိုင် နှင့် ကော့စ်ဘဇားခရိုင်တို့တွင် ဗုဒ္ဓ ဘာသာဝင်တို့အား မူဆလင် အကြမ်းဖက်သူ များက တိုက်ခိုက်ခဲ့ကြမှု များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ထို့အပြင် ယင်းကဲ့သို့ကွန့်ကွက်ကြောင်းကို စစ်တွေမြို့ ဘင်္ဂလာဒေ့ရှ်  ကောင်စစ်ဝန်ရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်ကြရန်အတွက်ပါ ဆုံးဖြတ်ခဲ့ကြရာ၊ ယခုလ လာမည့် ကိုးရက်နေ့ မွန်းလွဲ နှစ်နာရီမှ သုံးနာရီကြားတွင် ဆန္ဒဖော် ထုတ်ကြရန်အတွက် ဤနေ့ မွန်းလွဲပိုင်း၌ စစ်တွေမြို့နယ် ပြည်သူရဲတပ်ဖွဲ့မှူးထံ စာရွက်စာတမ်းများ အစုံအလင်ဖြင့် လျှောက်ထားခဲ့ကြသည်။

  From- Coral Arakan News Agency

No comments:

Post a Comment