ရခိုင်ပြည်နယ်စစ်တွေမြို့မှ
ရသေ့တောင်မြို့သို့ ဗုဒ္ဓရုပ်ပွားတော်
ငါးရာ အောက်တိုဘာလ ၃ရက်နေ့
နေ့လည် ၁နာရီခန့်တွင် မော်တော်
ဘုတ်ဖြင့်ပင့်ဆောင်တော်မူခဲ့ကြောင်း
သတင်းရရှိသည်။ယင်းဗုဒ္ဓရုပ်ပွားတော်များကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းက
သူဌေးတစ်ဦးမှ ဇွန်လအတွင်း ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင်
အဓိ ကရုဏ်းအတွင်း ဗုဒ္ဓဘာသာ ရခိုင်ပြည်သူများ ဘုရားရုပ်ထုတော်များ ကို
ထမ်းရွက်လျက် ပြေးလွှားနေကြပုံများကို မြင်တွေ့ရ၊ ဘုန်းတော်ကြီးကျောင်း
များကို မီးရှို့ခံရခြင်းများကို မြင်တွေ့ရ၍ ရင်ထုမနာခံစားရပြီး 'ငါသည်
ဗုဒ္ဓရုပ်ပွားတော်များကို လှူမည်'ဟု စေတနာ သဒ္ဓါတရား စိတ်အားထက်
သန်လာပြီး ရခိုင်ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)သို့ ဗုဒ္ဓရုပ်ပွားတော်
(၂၀၀၀)ကျော်လှူဒါန်းခဲ့ရာမှ ရသေ့တော်မြို့နယ်သို့ ရုပ်ပွားတော် ၅၀၀
လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းရုပ်ပွားတော်များကို အောက်တိုဘာလ ၂ရက်နေ့က စစ်တွေမြို့ ပညာ လင်္ကာရကျောင်းတိုက်တွင် ဘုရားအနေကဇာတင်ပြီး ဖြစ်ကြောင်း သိရှိရသည်။
ယင်းရုပ်ပွားတော်များကို အောက်တိုဘာလ ၂ရက်နေ့က စစ်တွေမြို့ ပညာ လင်္ကာရကျောင်းတိုက်တွင် ဘုရားအနေကဇာတင်ပြီး ဖြစ်ကြောင်း သိရှိရသည်။
ရသေ့တောင်မြို့သို့ ရောက်ရှိလာသော ဗုဒ္ဓရုပ်ပွားတော်များသည်
ရသေ့တောင်မြို့၊ အလိုတော်ပြည့်ကျောင်း တိုက်အတွင်းရှိ ဗောဓိသုခဓမ္မာရုံတွင်
ယာယီကိန်းဝပ်လျက်ရှိပြီး၊ ယခုလာမည့် သတင်းပတ်အတွင်း ဗုဒ္ဓဘာသာ
ရခိုင်ကျေးရွာများသို့ ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း
ဗုဒ္ဓရုပ်ပွားတော်များ
ကို ပင့်ဆောင်လာသော ရသေ့တောင်မြို့မိ၊ မြို့ဘများက ဆိုသည်။
From- Arakan Times သတင်းဌာန
No comments:
Post a Comment