Saturday, October 6, 2012

ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်

မကွေး၊အောက်တိုဘာ ၆ `ကမ္ဘောဇ ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်း ကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ
၎ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်း
သိရသည်။မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင် (၂၅)နှစ်နှင့်သူငယ် ချင်းဖြစ်သူ အောင်စေတနာရပ် ဟိုက်ကလပ်ကဖီး အနီးနေ အဘဦးခင်မောင်သန်း ၏ သမီး မခိုင်ရွှေရည်ဦးတို့(၂)ဦးသည်ငွေကျပ်(၁၅)သိန်းကို ရန်မျိုးအောင် ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး စူပါကပ်မော်တာဆိုင်ကယ် ရှေ့ခြင်း ထဲသို့ ထည့်၍ပြန်လာခဲ့ရာပြည်တော်သာ လမ်းနှင့်သစ္စာလမ်းထောင့်အနီးတွင်ဆိုင်ကယ်စီးယောကျားတစ်ဦးကညာ ဘက်ခြမ်းမှကပ်ပြီး`ရန်ကင်းဈေးဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာ ဆိုင် ကယ်ရှေ့ခြင်း ထဲရှိ ပလပ်စတစ် အိတ်ဖြင့် ထည့်ထားသောငွေထုတ်ကို နှိုက်ကာ ထွက်ပြေး သွားကြောင်း သိရ သည်။

ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင်းနောက်မှ လိုက်ကာအော် ဟစ်အ ကူညီတောင်းလိုက်သော်လည်း မမှီခဲ့ကြောင်းဗိုလ်ချုပ်လမ်းမအရောက် တွင်ယာဉ်ထိမ်းရဲမှကျော်လွန် သွားသောဆိုင်ကယ် စီးသူ၏ဦးထုပ်အရောင်အား အမှတ်အသားပြု၍ ရှေ့ဂိတ်(အာရှဓါတ်ပုံ)ရှိ ယာဉ်ထိမ်းသို့စက်ဖြင့် အကြောင်းကြားပေးသော်လည်း လမ်းခုလပ်တွင် ဦးထုပ်အားလွှင့်ပစ်ထား ခဲ့ခြင်း ၊အပေါ်အင်္ကျီချွတ်ထားခဲ့ခြင်း များပြု၍ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးများဘက်သို့ချိုးကွေ့ လွတ်မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး ၏ပြောပြချက်အရသိရှိရသည်။

အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁)ရဲစခန်းတွင် ပ/၂၄၀/၁၂ ပုဒ်မ(၃၈၂)ဖြင့် အမှုဖွင့် စုံးစမ်းစစ်ဆေးလျှက် ရှိကြောင်းသိရှိရသည်။

ဦးမင်း

From- Popular News

No comments:

Post a Comment