ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊
ကောင်းနောင်ရပ်ကွက် တွင်နေထိုင်
သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေ နတ် အတုဖြင့် စစ်တပ်မှအရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလို တစ်ဦးဖြစ်ပါတယ်။
ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်
ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူ တစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ
အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့
ရဲအုပ် တင်အောင်နဲ့အဖွဲ့ ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြ ခဲ့
တာကြောင့်အထက်ပါလိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့
တာဖြစ်ပါတယ်။
တာဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ
`` နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊
ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲ
ကိုရောက်လာပါတယ်။
အရာရှိအ၀တ်အစားနဲ့ လူက ဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော် မှစေလွှတ်လိုက်တဲ့ သူဖြစ်ကြောင်း ပြောပြီး အမှု အတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွား လာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။
ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ် လို့ပြောပြီး ပြန်ထွက်သွားပါတယ်။
ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆိုတာတွေ ကို ဆောင်ရွက်ပေးခဲ့တာပါလို့ ´´ ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။

တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ
ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒိုကား
(နံ့သာရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်း
သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။
၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတို အတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။

From- ရှမ်းသတင်းစဉ်
No comments:
Post a Comment