Saturday, October 6, 2012

လတ်တလောထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သတ်၍စိုးရိမ်စရာမရှိဟု ဗဟိုဘဏ်ဒုညွှန်ချုပ်ပြော

KBZဘဏ်နှင့် ပတ်သက်၍ လတ်တလော ထွက်ပေါ်နေသည့် သတင်းများ အပေါ်ပြည်သူ လူထုအနေဖြင့် စိုးရိမ်စရာမလိုဟုဗဟိုဘဏ်ဒုညွှန်ချုပ် ဦးဝင်းသော် က မီဒီယာများကိုပြောကြားလိုက်သည်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ၏နောက်ကွယ်တွင် ဗဟိုဘဏ် က ကျောထောက်နောက်ခံ စီမံဆောင်ရွက်ထားမှုများရှိသည့် အတွက်ကြောင့် လတ်တလောထွက်ပေါ်နေသောသတင်းများမှာ သတင်း မှားများသြာ်ဖစ်ကြောင်းကို အထက် ပါပုဂ္ဂိုလ်ကပြောခြင်းဖြစ်သည်။"ဘဏ်တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ဗဟိုဘဏ်က လုံးဝကိုတာဝန်ယူတယ်။အခုအပြင်မှာထွက်နေတဲ့ သတင်းတွေကသတင်းမှားတွေပဲ။ဒါတွေကိုပြည်သူတွေ အလေးထားဖို့မလိုဘူး။"ဟု ဗဟိုဘဏ် ဒုညွှန်ချုပ် ဦးဝင်းသော်ကပြောကြားသည်။

လက်ရှိ KBZ ဒုဥက္ကဌ ဦးသန်းလွင်ကလည်း လတ်တလောထွက်နေသည့်သတင်းမှားကိုမယုံကြည်ရန်နှင့် သတင်းထုတ်ပြန်ချက်များကို လည်းဆက်လက်ထုတ်ပြန်မှုပြုလုပ်နေ မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင် နောက်နောင်ကောလဟာလသတင်းများပေါ်လာခဲ့လျှင်ဗဟိုဘဏ်နှင့်သက်ဆိုင်ရာ ဘဏ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဦးဝင်းသော်က ထပ်မံပြောကြားသည်။

From- Popular Myanmar News Journal

No comments:

Post a Comment