
အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင်

ဆာင်ရွက်သွားမည်ဖြစ်ပြီး
လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးချနိုင်အောင်အထိ
ကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Intel မှ စာသင်ခန်းများတွင်
နည်းပညာများနှင့် သက်ဆိုင်သည့် သင်ကြားမှုပုံစံ တိုးတက်စေရန် Intel Tech
Program အား အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမပေါင်း ၁၀ သန်းကျော်အား
လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၄င်းဆရာ၊ ဆရာမများထဲမှ ၂ ဒသမ ၆ သန်းကျော်မှာ
အာရှပစိဖိတ် ဒေသများမှဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင်
စတင်လုပ်ဆောင်ခဲ့သည့် Intel Easy Steps Program (ကွန်ပျူတာ အတွေ့အကြုံ
မရှိသူများအား ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားမှု
အစီအစဉ်) ဖြင့်လည်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ လူပေါင်းခုနစ်သိန်းကျော်၏
အသက်မွေးဝမ်းကြောင်း ပညာရပ်များအား အဆင့်မြှင့်တင် ပေးနိုင်ခဲ့ကြောင်းလည်း
သိရသည်။ '' မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်
လုပ်ဆောင်သွားမှာတွေက ပထမအဆင့်အနေနဲ့ ဆရာ၊ ဆရာမတွေကို ဘယ်လိုအသုံးပြုရမလဲ
ဆိုတာကို သင်ကြားပေးမယ်။ အခြားနိုင်ငံတွေမှာ ကူညီခဲ့သလိုမျိုးပဲ
ကူညီသွားမှာပါ။ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးချနိုင်အောင်
ကူညီသွားမှာပါ''ဟု Mr Uday Marty ကပင် ထပ်မံ ပြောကြားခဲ့ကြောင်း ၂၀၁၂
ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment