Thursday, February 21, 2013

သစ်မွှေး စိုက်ပျိုးချိန် မဟုတ်သော် လည်း ၀ယ်လို အားကောင်း

Photo: သစ်မွှေးစိုက်ပျိုးချိန် မဟုတ်သော်လည်း ၀ယ်လိုအားကောင်း
Thursday, February 21, 2013

မြန်မာနိုင်ငံ အနှံ့အပြား တွင် သစ်မွှေး စိုက်ပျိုးသူ များပြားလာပြီး
မြန်မာနိုင်ငံ၏ ဆောင်းကုန် နွေအကူး ဖေဖော်ဝါရီ တတိယပတ် အတွင်း သစ်မွှေး စိုက်ပျိုးချိန် မဟုတ် သော်လည်း ၀ယ်လိုအား ကောင်းမွန် မှုကြောင့် မြစ်ကြီးနားမြို့ မှ မျိုးကောင်း သစ်မွှေး ပျိုးပင်များမှာ ရောင်းအား
ကောင်းသကဲ့သို့ ဈေးကောင်း ရရှိလျက် ရှိကြောင်း သိရသည်။

မြစ်ကြီးနား မြို့တွင် သစ်မွှေးကို မိသားစု တစ်ပိုင်တစ်နိုင် မှ CF အသင်းအဖွဲ့ ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ကြီးများအထိ ပျိုးထောင်ခြင်း ၊ စိုက်ပျိုးခြင်း များရှိပြီး ၂၀၁၂ ခုနှစ် မိုးရာသီ ကာလက ပျိုးပင် ပေါက်ဈေးမှာ အမြင့် ၁၈ လက်မ ခန့်ရှိ သစ်မွှေး ပင်ပေါက် တစ်ပင်လျှင် ကျပ် ၃၀၀ နှုန်းခန့်သာ ရောင်းချခွင့် ရခဲ့သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် နှင့် အခြား တိုင်းဒေသကြီး များနှင့်
ပြည်နယ်များက မြစ်ကြီးနား ဒေသထွက် သစ်မွှေးကို ၀ယ်လိုအား
ကောင်းမွန်မှု ကြောင့် အမြင့် ၁၈ လက်မ အထက် ပျိုးပင် များကို တစ်ပင်လျှင် ငွေကျပ် ၆၀၀ နှုန်းအထက် ဈေးကောင်းရ ရောင်းချရပြီး သစ်သား သေတ္တာပုံး များအတွင်း စီရီရိုက်ထည့်၍ နယ်မြို့များသို့ ကုန်တင် ရထားတွဲ များဖြင့် နေ့စဉ် တင်ပို့ ရလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily
မြန်မာနိုင်ငံအနှံ့အပြားတွင် သစ်မွှေး စိုက်ပျိုးသူ များပြားလာပြီး မြန်မာနိုင်ငံ ၏ ဆောင်းကုန် နွေအကူး ဖေဖော်ဝါရီ တတိယပတ်အတွင်း သစ်မွှေး စိုက်ပျိုးချိန် မဟုတ်သော်လည်း ၀ယ်လိုအား ကောင်းမွန် မှုကြောင့် မြစ်ကြီးနားမြို့မှ မျိုးကောင်း သစ်မွှေးပျိုးပင်များမှာ ရောင်း အား ကောင်းသကဲ့သို့ ဈေးကောင်း ရရှိလျက် ရှိကြောင်း သိရသည်။မြစ်ကြီးနားမြို့တွင် သစ်မွှေးကို မိသားစုတစ်ပိုင်တစ်နိုင် မှ CF အသင်းအဖွဲ့ ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ကြီးများအထိ ပျိုးထောင်ခြင်း ၊ စိုက်ပျိုးခြင်းများရှိပြီး ၂၀၁၂ ခုနှစ် မိုးရာသီကာလက ပျိုးပင်ပေါက်ဈေးမှာ အမြင့် ၁၈ လက်မ ခန့်ရှိ သစ်မွှေးပင်ပေါက် တစ်ပင်လျှင် ကျပ် ၃၀၀ နှုန်းခန့်သာ ရောင်းချခွင့်ရခဲ့သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် နှင့် အခြား တိုင်းဒေသကြီးများနှင့် ပြည်နယ်များက မြစ်ကြီးနား ဒေသထွက်သစ်မွှေးကို ၀ယ်လို အားကောင်းမွန်မှုကြောင့် အမြင့် ၁၈ လက်မ အထက် ပျိုးပင်များကို တစ်ပင်လျှင် ငွေကျပ် ၆၀၀ နှုန်း အထက် ဈေးကောင်းရ ရောင်းချရပြီး သစ်သား သေတ္တာပုံးများအတွင်း စီရီရိုက်ထည့်၍ နယ်မြို့များသို့ ကုန်တင် ရထားတွဲ များဖြင့် နေ့စဉ် တင်ပို့ ရလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment