Thursday, February 21, 2013

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင်

Photo: နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင်
Thursday, February 21, 2013

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန်
ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင်လိုက်ကြောင်း သိရသည်။

၁၉၆၂ ရှေ့ပိုင်းကာလများက နိုင်ငံတွင် နိုင်ငံခြားသတင်းဌာနအချို့ တရားဝင်ရုံးခန်း ဖွင့်လှစ်ခွင့် ရခဲ့သော်လည်း နောက်ပိုင်းကာလများတွင် မရရှိခဲ့တော့ရာ အစိုးရသစ်လက်ထက်တွင် ထပ်မံ ပြန်လည် ခွင့်ပြုပေးခြင်း
ဖြစ်သည်ဟု ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ပြောသည်။

“ကျွန်တော်တို့ သတင်းဌာနက မနေ့က စာတင်လိုက်တယ်၊ကျန်တဲ့သတင်း ဌာနတွေလည်း တင်ပြီးကြပြီလို့ ကြားပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသတင်းဌာန ပြည်တွင်းတွင် တရားဝင်ဖွင့်လှစ်ခွင့် ပြုမည့်အကြောင်းကို ၂၀၁၃ ဇန်န၀ါရီလအတွင်းက သတင်းဌာနများသို့ ပေးပို့ခဲ့သည်။

လက်ရှိတွင် နိုင်ငံခြားသတင်းဌာနများအနေဖြင့် လျှောက်လွှာတင်ထားဆဲသာ
ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုမှုကိုတော့ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရသည်။

PN 051
Popular Myanmar News Journal နိုင်ငံခြားသတင်းဌာနသုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့်ရရန် ပြန် ကြားရေးဝန်ကြီးဌာနသို့ တရားဝင်စာတင်လိုက်ကြောင်းသိရသည်။ ၁၉၆၂ ရှေ့ပိုင်းကာလများက နိုင်ငံတွင် နိုင်ငံခြားသတင်းဌာနအချို့ တရားဝင်ရုံးခန်း ဖွင့်လှစ်ခွင့်ရခဲ့သော်လည်း နောက်ပိုင်းကာလများတွင် မရရှိခဲ့တော့ရာ အစိုးရသစ် လက်ထက်တွင် ထပ်မံ ပြန်လည် ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်း က ပြောသည်။

“ကျွန်တော်တို့သတင်းဌာနက မနေ့က စာတင်လိုက်တယ်၊ကျန်တဲ့သတင်း ဌာနတွေလည်း တင်ပြီးကြပြီ လို့ ကြားပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသတင်းဌာန ပြည်တွင်းတွင် တရားဝင်ဖွင့်လှစ်ခွင့် ပြုမည့် အကြောင်းကို ၂၀၁၃ ဇန်န၀ါရီလအတွင်းက သတင်းဌာနများသို့ ပေးပို့ခဲ့သည်။

လက်ရှိတွင် နိုင်ငံခြားသတင်းဌာနများအနေဖြင့် လျှောက်လွှာတင်ထားဆဲသာဖြစ်ပြီး ပြန်ကြားရေး ၀န် ကြီးဌာနအနေဖြင့် ခွင့်ပြုမှုကိုတော့ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment