
ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စတင်ဖွဲ့စည်းစဉ်က ကော်မရှင်၏ အစီရင်ခံစာကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံးထား ၍ နိုင်ငံတော်သမတထံသို့ အပြီးသတ် တင်သွင်းရမည်ဖြစ်သော်လည်း နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ပြီး အပြီးသတ် အစီအရင်ခံစာ တင်ရမည့်ရက်ကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့် တောင်းဆိုခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေနိုင်သော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှု များ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတိုရေရှည်
ဆောင်ရွက်သင့်သည့် အချက်များ၊ ကွဲပြားသောဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊ တရားဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာအကြံပြုချက်များကို သုံးသပ်ချက်နှင့်တကွ ပါဝင် မည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment