
“၁၆ ရက်နေ့မှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာ ဈေးဟောင်း ကို ပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့က မြို့တော်ဝန်ရဲ့ ကတိစကား၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုး ကတိစကားနဲ့ အခုထုတ်ပြန်လာတဲ့ ကြေညာ ချက်က ကွဲပြားနေပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာဈေးဟောင်းကို မပြောင်းရွှေ့လိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်ဆန္ဒပြဖို့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ၂၀ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ” ဟု မပြောင်းရွှေ့ရေး ကော်မတီ အတွင်းရေးမှူး ဦးလှဝင်းက ပြောပါသည်။
သီရီမင်္ဂလာဈေးသည် ပုဂ္ဂလိကပိုင် နေရာတစ်ခုဖြစ်ပြီး ကားဝင်ကြေးကျပ် ၁၀၀၀ ကောက်သည့် အတွက် နေ့စဉ်ဝင်ကြေးကျပ် ၂၀၀ ကောက်ခံသော ဟံသာဝတီ ကားရောင်းဝယ်ရေးဝန်းနှင့် ၀င်ကြေးကွာခြားလျက်ရှိပြီး ဆယ်နှစ်ဘီးကားနေရာ စီစဉ်ပေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။
“တင်ဒါမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ခွဲဝေယူရန်ဆိုသည်မှာ စည်ပင်သာယာရေး ကော်မတီနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ခွဲဝေယူမှုနှုန်းထား ဖော်ပြပေးရန် တင်ဒါမှာပါရှိပါတယ်။ မော်တော် ယာဉ် ရောင်းဝယ်ရေးစခန်းက ပြည်သူလူထုရဲ့ အကျိုးစီးပွား ပါမလာတဲ့ ဒီတင်ဒါ ရောင်းချခြင်းကို ကန့်ကွက်ပါတယ်” ဟု ဆက်လက် ပြောကြားပါသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ပင်မစခန်း၊ စခန်း ၁၊ တိုးချဲ့စခန်းဝန်း စသည်ဖြင့် ၀န်းသုံးဝန်း ရှိကြောင်း၊ ကားပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေး လုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော်တို့ မှီခိုနေရကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment