Saturday, March 30, 2013

ဒိုက်ဦးတွင် သစ်ခိုးတင် ကားများ ဖမ်းဆီး


Photo: ဒိုက်ဦးတွင် သစ်ခိုးတင် ကားများ ဖမ်းဆီး
Saturday,March 30, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၇၂ အနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁ ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။

အဆိုပါ ကျွန်းသစ်နှင့် ကားများကို ပြီးခဲ့သည့်  ၂၈ ရက် နေ့လည် ၁ နာရီခန့်က အုတ်ရှစ်ကုန်း(အမြန်လမ်း) ရဲစခန်းနှင့် သစ်တောဦးစီး
ဌာနတို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးနေစဉ် မျက်မြင်တွေ့ရှိသူ ကိုမောင်ဆန်း
က “ကားနှစ်စီးက တံတားပေါ်ကအဆင်း ရဲတွေက ထွက်တားတယ်။ အဲလိုတားတော့ ကားနှစ်စီးက မလှမ်းမကမ်းမှာ ရပ်သွားပြီး ကားပေါ်
က လူတွေက ကျွန်းတောထဲကို ဝင်ပြေးကြတယ်။ လူတွေ ထွက်ပြေး
တဲ့နောက်ကို ရဲ သုံးလေးယောက်လည်း ပြေးလိုက်သွားတယ်။ ဖမ်း
တော့ မမိခဲ့ဘူး” ဟု ပြောကြားသည်။

မန္တလေးမှ ရန်ကုန်သို့ သွားသည့်လမ်းအတိုင်း မောင်းနှင်လာသည့် ၂က/၂၃၂၈ တိုယိုတာ ပရိုဘော့စ် အဖြူရောင်ယာဉ်နှင့် ၃ဂ/၂၃၇၆ ကားဒီးနား မီးခိုးရောင်ယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသော ကျွန်းသစ်မှာ တစ် တန်နီးပါးရှိကြောင်းနှင့် လက်ရှိ (မှောင်ခို) ဒေသ
ပေါက်ဈေးမှာ မြန်မာငွေကျပ် ၃ သိန်းနီးပါးခန့် ရှိကြောင်း ဒိုက်ဦးမြို့
နယ် သစ်တောဦးစီးဌာန၊ ဆာပါခြုံ ဘိနယ် တောအုပ် ဦးခင်သိန်းက
ပြောကြားသည်။

“ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်စုံစမ်းသွားမှာပါ။ ဒီတစ်လျှောက်လုံးက ကျွန်းသစ်ထွက်တဲ့ နယ်မြေဆိုတော့ ဘယ်
နေရာက သယ်လာတယ်ဆိုတာ မှန်းရခက်တယ်။ ဖမ်းဆီးရတဲ့ သစ်တွေကိုတော့ မြန်မာ့သစ်တောကို ပြန်လွှဲပေးရတယ်၊” ဟု ယင်း
က ဆက်လက်ပြောကြားသည်။

တရားမဝင်သစ်များ သယ်ဆောင်မှုကို အုတ်ရှစ်ကုန်း ရဲစခန်းမှ ဒုရဲအုပ် ရာဇာလင်းက အပိုင် ရဲစခန်း တွင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ၆/၁
ဖြင့် တရားလိုလုပ် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့်  မော်တော်ယာဉ်များ
နှင့် ပတ်သတ်၍ ကညနရုံးတွင် မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ စစ်ဆေးသွား
မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ သုံးနှစ်အတွင်း လေးကြိမ်ဖမ်းဆီးရရှိခဲ့မှုတွင် တစ်ကြိမ်သာ ခိုးထုတ်သူများကို ဖမ်းမိခဲ့ကြောင်း နှင့် ဖမ်းမိသူ ၆ ဦးအား ထောင်ဒါဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း အုတ်ရှစ်ကုန်း ရဲစ
ခန်းမှ သိရသည်။

ရည်မွန်
The Myanma Age

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၇၂ အနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁ ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။
အဆိုပါ ကျွန်းသစ်နှင့် ကားများကို ပြီးခဲ့သည့် ၂၈ ရက် နေ့လည် ၁ နာရီခန့်က အုတ်ရှစ်ကုန်း(အမြန်လမ်း) ရဲစခန်းနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးနေစဉ် မျက်မြင်တွေ့ရှိသူ ကိုမောင်ဆန်းက “ကားနှစ်စီးက တံတားပေါ်ကအဆင်း ရဲတွေက ထွက်တားတယ်။ အဲလိုတားတော့ ကားနှစ်စီးက မလှမ်းမကမ်းမှာ ရပ်သွားပြီး ကားပေါ်က လူတွေက ကျွန်းတောထဲကို ဝင်ပြေးကြတယ်။ လူတွေ ထွက်ပြေးတဲ့နောက်ကို ရဲ သုံးလေးယောက် လည်း ပြေးလိုက်သွားတယ်။ ဖမ်းတော့ မမိခဲ့ဘူး” ဟု ပြောကြားသည်။

မန္တလေးမှ ရန်ကုန်သို့ သွားသည့်လမ်းအတိုင်း မောင်းနှင်လာသည့် ၂က/၂၃၂၈ တိုယိုတာ ပရိုဘော့စ် အဖြူရောင်ယာဉ်နှင့် ၃ဂ/၂၃၇၆ ကားဒီးနား မီးခိုးရောင်ယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသော ကျွန်းသစ်မှာ တစ် တန်နီးပါးရှိကြောင်းနှင့် လက်ရှိ (မှောင်ခို) ဒေသပေါက်ဈေးမှာ မြန်မာငွေကျပ် ၃ သိန်းနီးပါးခန့် ရှိကြောင်း ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဆာပါခြုံ ဘိနယ် တောအုပ် ဦးခင်သိန်းကပြောကြားသည်။

“ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်စုံစမ်းသွားမှာပါ။ ဒီတစ်လျှောက်လုံးက ကျွန်းသစ်ထွက်တဲ့ နယ်မြေဆိုတော့ ဘယ်နေရာက သယ်လာတယ်ဆိုတာ မှန်းရခက်တယ်။ ဖမ်းဆီးရတဲ့ သစ်တွေ ကိုတော့ မြန်မာ့သစ်တောကို ပြန်လွှဲပေးရတယ်၊” ဟု ယင်းက ဆက်လက်ပြောကြားသည်။

တရားမဝင်သစ်များ သယ်ဆောင်မှုကို အုတ်ရှစ်ကုန်း ရဲစခန်းမှ ဒုရဲအုပ် ရာဇာလင်းက အပိုင် ရဲစခန်း တွင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ၆/၁ဖြင့် တရားလိုလုပ် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် မော်တော် ယာဉ်များနှင့် ပတ်သတ်၍ ကညနရုံးတွင် မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ သုံးနှစ်အတွင်း လေးကြိမ်ဖမ်းဆီးရရှိခဲ့မှုတွင် တစ်ကြိမ်သာ ခိုးထုတ်သူများကို ဖမ်းမိခဲ့ကြောင်း နှင့် ဖမ်းမိသူ ၆ ဦးအား ထောင်ဒါဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။

The Myanma Age

No comments:

Post a Comment