Saturday, March 30, 2013

“ပြုပြင်နိုင်ရန်အတွက် ရတနာဓာတ်ငွေ့ကမ်းလွန် ပိုက်လိုင်း ၂ လိုင်း သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုရပ်တန့်”

ရတနာ ဓာတ်ငွေ့ကမ်းလွန် ပလက်ဖောင်း အထွေထွေ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ကန်ဘောက်- မြိုင်ကလေးပိုက်လိုင်းနှင့် ရန်ကုန်-ပြည်-မြန်အောင် ပိုက်လိုင်းများသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုများ ရပ်တန့်ထားမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အသိပေး ထုတ်ပြန်သည်။
အဆိုပါ ပြုပြင်ခြင်းလုပ်ငန်းများအား ဧပြီလ (၅)ရက်မှ (၁၃)ရက်အထိ ကိုးရက်ကြာ ဆောင် ရွက်မည် ဖြစ်သည်။

ယင်းကာလအတွင်း ပြည်သူလူထုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံများ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ဓာတ်အား ဖြန့်ဖြူးမှု ရပ်တန့်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment