Friday, March 15, 2013

"ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာပါ"

Photo: "ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာပါ"
Friday, March 15, 2013  

ပထမ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်ဗုဒ္ဓက ရဟန္တာသာဝ ကခြောက် ကျိပ် (၆၀) တို့ကို ခေါ်ယူပြီး မိန့်တော်မူတယ်။

“ရဟန်းတို့ … သင်တို့ဟာ ငါဘုရားကဲ့သို့ တဏှာလောဘရဲ့ ကျော့ကွင်းမှ ကင်းကင်းရှင်းရှင်း လွတ်မြောက်ခဲ့ကြပြီ၊ မြောက်မြားလှစွာသော လူ နတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ ချမ်းသာစီးပွားရေးအလို့ငှာ အရပ်ရှစ်မျက်နှာ သို့  ဒေသစာရီ လှည့်လည်ကြကုန်လော့၊ အစ အလယ် အဆုံး သုံးပါးအ စုံ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတော်ကို ဟောကြားကြကုန်လော့၊ လမ်း တစ်ကြောင်းမှာ ရဟန်းနှစ်ပါး စုပေါင်းပြီး မသွားကြပါနှင့်၊ ငါဘုရား သည်လဲ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် ဥရုဝေလတော အုပ်သို့ သွားပေအံ့”

ဗုဒ္ဓမြတ်စွာရဲ့ ရဲရဲတောက် သာသနာပြု မိန့်ခွန်းပေပဲ။

ဗုဒ္ဓမြတ်စွာဟာ သူမိန့်ဆိုတဲ့အတိုင်း ဥရုဝေလတောအုပ်သို့ တစ်ပါးတည်း ကြွပြီး ဥ ရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပဆိုတဲ့ ရသေ့ညီနောင် သုံးဦးနဲ့ တပည့်တစ်ထောင်တို့ကို ချေချွတ်ပြီး ရဟန္တာအဖြစ် တည်စေပါတယ်။

ထို့နောက် ဘုရားရှင်ဟာ ရဟန္တာတစ်ထောင် ခြံရံပြီး ရာဇဂြိုဟ်ပြည်သို့ ကြွ ချီတော်မူတယ်။ ဗိမ္မိသာရမင်းကြီးနဲ့ မာဂဓတိုင်းသား သူဌေးပုဏ္ဏား တစ် သိန်းနှစ်သောင်းတို့က ကြိုဆိုကြတယ်။ မာဂဓတိုင်းသားတို့က ဥရုဝေလ ကဿ ပကို နှစ်စဉ် ရှိခိုးပူဇော်ခဲ့ကြလို့ ဥရုဝေလကဿပဟာ ဘုရားရှင်ရဲ့ တပည့်ဖြစ်ကြောင်း ထင်ရှားအောင် ပြုပြီးတော့မှ ဘုရားရှင် တရားဟောတော် မူတယ်။ မင်းနဲ့တကွ ပုဏ္ဏားသူဌေးပေါင်း တစ်သိန်းတစ်သောင်းတို့ က သောတာပန်ဖြစ်ကြပြီး ကျန်ပုဏ္ဏားသူဌေး တစ်သောင်းတို့က သရဏဂုံ တည် တဲ့ ဥပါသကာများ ဖြစ်ကုန်ကြတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ကပိလ၀တ်ပြည်၊ သာဝတ္ထိပြည်၊ ဝေ သာ လီပြည် ၊ ကော သမ္ဘီပြည်၊ မလ္လတိုင်း စသည့် တိုင်းနိုင်ငံများသို့ ကြွရောက်ကာ မင်းနှင့်ပြည်သူတို့ကို ဗုဒ္ဓဘာသာအယူ၌ တည်စေတယ်။ ကုဋေပေါင်းများ စွာသော လူအပေါင်းတို့ကိုလည်း မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်များအဖြစ်မှာ တည်စေတော်မူတယ်။

ဒါကြောင့် ဘုရားပွင့်ပြီး နှစ်အနည်းငယ်အတွင်းမှာ ဗုဒ္ဓသာသနာရဲ့ အင်ပါယာကြီးဟာ မဇ္ဈိဒေသတစ်ဝန်းလုံးမှာ ပျံ့နှံ့သွားပါတော့ တယ် ။ ကျောင်းကြီးကျောင်းငယ် အသွယ်သွယ်နဲ့ အဂ္ဂသာဝက နှစ်ပါး၊ မဟာသာဝ က ၈၀၊ ပကတိသာဝက မြောက်မြားစွာနဲ့ ဗုဒ္ဓသာသနာတော် ရဲ့ အောင် လံတော် ဟာ တလူလူ လွှင့်ထူနေနိုင်ပေတယ်။

ဗုဒ္ဓမြတ်စွာဟာ တုတ်ဓားလက်နက် မကိုင်၊ သွေးတစ်စက် မျှ မြေမ ကျစေ ပဲ မေတ္တာ ကရုဏာ သက်သက်ဖြင့် အေးချမ်းသာယာစွာ သာသနာဖြန့်ချီရာ မှာ တိုတောင်းတဲ့ကာလအတွင်း ကြီးကျယ်လှတဲ့ အတိုင်းအတာအ ထိ အောင်မြင်ပေါက်မြောက်သွားခြင်းဟာ အလွန်အံ့သြချီးကျူးစရာကောင်း တာနဲ့အညီ ဘုရား တရား သံဃာတို့ရဲ့ စစ်မှန်တဲ့ ဂုဏ်စွမ်း ရည်ကြောင့် ဖြစ်တာ ကို ဂုဏ်ယူဝမ်းမြောက်နိုင်ပါတယ်။

ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာတစ်ခုပဲ ရှိတယ်။
(ဒေါက်တာမင်းတင်မွန်) Face book မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ဝီရဓမ္မ
ပထမ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်ဗုဒ္ဓက ရဟန္တာ သာဝကခြောက် ကျိပ် (၆၀) တို့ကို ခေါ်ယူပြီး မိန့်တော်မူတယ်။
“ရဟန်းတို့ … သင်တို့ဟာ ငါဘုရားကဲ့သို့ တဏှာလောဘ ရဲ့ ကျော့ကွင်းမှ ကင်းကင်းရှင်းရှင်း လွတ်မြောက် ခဲ့ကြပြီ ၊ မြောက်မြား လှစွာသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ ချမ်းသာစီးပွားရေးအလို့ငှာ အရပ်ရှစ်မျက်နှာသို့ ဒေသစာရီလှည့်လည်ကြကုန်လော့၊ အစအလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတော် ကို ဟောကြားကြကုန်လော့၊ လမ်းတစ်ကြောင်းမှာ ရဟန်းနှစ်ပါး စုပေါင်းပြီး မသွားကြပါနှင့်၊ ငါဘုရားသည်လဲ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် ဥရုဝေလတော အုပ်သို့ သွားပေအံ့”

ဗုဒ္ဓမြတ်စွာရဲ့ ရဲရဲတောက် သာသနာပြု မိန့်ခွန်းပေပဲ။

ဗုဒ္ဓမြတ်စွာဟာ သူမိန့်ဆိုတဲ့အတိုင်း ဥရုဝေလတောအုပ်သို့ တစ်ပါးတည်း ကြွပြီး ဥ ရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပဆိုတဲ့ ရသေ့ညီနောင် သုံးဦးနဲ့ တပည့်တစ်ထောင်တို့ကို ချေချွတ်ပြီး ရဟန္တာ အဖြစ် တည်စေပါတယ်။

ထို့နောက် ဘုရားရှင်ဟာ ရဟန္တာတစ်ထောင် ခြံရံပြီး ရာဇဂြိုဟ်ပြည်သို့ ကြွ ချီတော်မူတယ်။ ဗိမ္မိသာရ မင်းကြီးနဲ့ မာဂဓတိုင်းသား သူဌေးပုဏ္ဏား တစ် သိန်းနှစ်သောင်းတို့က ကြိုဆိုကြတယ်။ မာဂဓတိုင်းသား တို့က ဥရုဝေလ ကဿပကို နှစ်စဉ်ရှိခိုးပူဇော်ခဲ့ကြလို့ ဥရုဝေလကဿပဟာ ဘုရားရှင်ရဲ့ တပည့်ဖြစ်ကြောင်း ထင်ရှားအောင် ပြုပြီးတော့မှ ဘုရားရှင် တရားဟောတော် မူတယ်။ မင်းနဲ့တကွ ပုဏ္ဏား သူဌေးပေါင်း တစ်သိန်းတစ်သောင်းတို့ က သောတာပန်ဖြစ်ကြပြီး ကျန်ပုဏ္ဏားသူဌေး တစ်သောင်း တို့က သရဏဂုံ တည် တဲ့ ဥပါသကာများ ဖြစ်ကုန်ကြတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ကပိလ၀တ်ပြည်၊ သာဝတ္ထိပြည်၊ ဝေ သာ လီပြည် ၊ ကော သမ္ဘီပြည်၊ မလ္လတိုင်း စသည့် တိုင်းနိုင်ငံများသို့ ကြွရောက်ကာ မင်းနှင့်ပြည်သူတို့ကို ဗုဒ္ဓဘာသာအယူ၌ တည်စေတယ်။ ကုဋေပေါင်းများ စွာသော လူအပေါင်းတို့ကိုလည်း မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်များအဖြစ်မှာ တည်စေတော် မူတယ်။

ဒါကြောင့် ဘုရားပွင့်ပြီး နှစ်အနည်းငယ်အတွင်းမှာ ဗုဒ္ဓသာသနာရဲ့ အင်ပါယာကြီးဟာ မဇ္ဈိဒေသ တစ်ဝန်း လုံးမှာ ပျံ့နှံ့သွားပါတော့ တယ် ။ ကျောင်းကြီးကျောင်းငယ် အသွယ်သွယ်နဲ့ အဂ္ဂသာဝက နှစ်ပါး၊ မဟာသာဝ က ၈၀၊ ပကတိသာဝက မြောက်မြားစွာနဲ့ ဗုဒ္ဓသာသနာတော် ရဲ့ အောင် လံတော် ဟာ တလူလူ လွှင့်ထူနေနိုင်ပေတယ်။

ဗုဒ္ဓမြတ်စွာဟာ တုတ်ဓားလက်နက် မကိုင်၊ သွေးတစ်စက်မျှ မြေမ ကျစေပဲ မေတ္တာကရုဏာ သက်သက်ဖြင့် အေးချမ်းသာယာစွာ သာသနာဖြန့်ချီရာ မှာ တိုတောင်းတဲ့ကာလအတွင်း ကြီးကျယ်လှတဲ့ အတိုင်းအတာအထိ အောင်မြင်ပေါက်မြောက်သွားခြင်းဟာ အလွန်အံ့သြချီးကျူးစရာကောင်း တာနဲ့အညီ ဘုရား တရား သံဃာတို့ရဲ့ စစ်မှန်တဲ့ ဂုဏ်စွမ်း ရည်ကြောင့် ဖြစ်တာ ကို ဂုဏ်ယူဝမ်းမြောက်နိုင်ပါတယ်။

ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာတစ်ခုပဲ ရှိတယ်။
(ဒေါက်တာမင်းတင်မွန်) Face book မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ဝီရဓမ္မ

No comments:

Post a Comment