Friday, March 15, 2013

"၀န်ထမ်းလစာများ ကျပ်နှစ်သောင်းတိုးရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ"




၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ရာတွင် ယခုနှစ် ၂၀၁၃.၂၀၁၄ ခုနှစ်တွင် နိုင်ငံဝန်ထမ်းများအတွက် လစာနှုန်းထားကို ကျပ် ၂၀၀၀၀ (နှစ်သောင်း)စီ တိုးမြင့်ပေးရန် နှင့် အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာ ဆုငွေများအတွက် သာမန် အသုံးစရိတ်တွင် ထည့်သွင်းလျာထားထားကြောင်း၊ထို့အပြင် လက်ရှိခံစားခွင့် ပြုထားသော အပိုထောက် ပံ့ကြေး၊ဒေသစရိတ်တို့ကို လည်းပြောင်းလည်းမှု မရှိဘဲ ဆက်လက်ထောက်ပံ့သွားရန် လျှာထား ထားကြောင်း ပြောကြားသည်။ ထို့ကြောင့် နိုင်ငံတော်၏ အမြဲတမ်း ၀န်ထမ်းပေါင်း ၁ သန်း နှင့် ၂ သိန်း ခန့်နှင့် နေ့စားဝန်ထမ်းဦးရေ ၇သောင်း ၄ ထောင်ခန့်နှင့် အငြိမ်းစား ၀န်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်တို့ အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ . ၆၈၂ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

( စိုင်းနောင်ပေးပို့သည်)
ref:popular

No comments:

Post a Comment