Tuesday, April 9, 2013

ကော်မတီ ၇ ခု ဖွဲ့ပြီး ပါတီ လုပ်ငန်း စဉ်တွေ ဆောင်ရွက် မည်

Photo: ကော်မတီ ၇ ခုဖွဲ့ပြီး ပါတီ လုပ်ငန်းစဉ်တွေ ဆောင်ရွက်မည်

Tuesday, April 9, 2013

ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့  NLD ပါတီ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

အဲဒီကော်မတီတွေထဲက လူငယ်ရေးရာကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းမယ့်ကော်မတီတွေကတော့ တောင်သူ လယ်သမားရေးရာ ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ အပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကော်မတီတွေ ဖြစ်တယ်လို့သိရပါတယ်။

RFA

No comments:

Post a Comment