Tuesday, April 9, 2013

လွှတ်ေ တ်ာရေးရာ ကိစ္စရပ်များ ဆောင်ရွက်မှု အခြေအနေ ရင်းနှီးစွာ ဆွေးနွေး

လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်မှု အခြေအနေ ရင်းနှီးစွာ ဆွေးနွေး

ယနေ့ညနေ ၃ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ UNDP လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Ajay Chhibber ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လွှတ်တော်များ  ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်   နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ  ဦးလှမြင့်ဦး၊ လွှတ်တော် ကော်မတီများမှ အတွင်း ရေးမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ယင်းနောက် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Ajay Chhibber လွှတ်တော် စာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လက်ခံသည်။

UNDP မှ လွှတ်တော် စာကြည့်တိုက်သို့ နိုင်ငံတကာ ဥပဒေ ရေးရာ စာအုပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ စာအုပ်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆိုင်ရာ စာအုပ်များ၊ ရွေးကောက် ပွဲဆိုင်ရာ၊ အခြေခံ ဥပဒေဆိုင်ရာ၊ မဲပေးခြင်းဆိုင်ရာ စာအုပ်များ စုစုပေါင်း ၃ဝ၇ အုပ်လှူဒါန်းခဲ့သည်။

http://bit.ly/16KFkN0
ယနေ့ညနေ ၃ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ UNDP လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Ajay Chhibber ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လွှတ်တော်များ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ လွှတ်တော် ကော်မတီများမှ အတွင်း ရေးမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ယင်းနောက် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Ajay Chhibber လွှတ်တော် စာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လက်ခံသည်။
UNDP မှ လွှတ်တော် စာကြည့်တိုက်သို့ နိုင်ငံတကာ ဥပဒေ ရေးရာ စာအုပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ စာအုပ်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆိုင်ရာ စာအုပ်များ၊ ရွေးကောက် ပွဲဆိုင်ရာ၊ အခြေခံ ဥပဒေဆိုင်ရာ၊ မဲပေးခြင်းဆိုင်ရာ စာအုပ်များ စုစုပေါင်း ၃ဝ၇ အုပ်လှူဒါန်းခဲ့သည်။

No comments:

Post a Comment