Friday, April 5, 2013

ဧပြီလ အတွင်း ခရမ်းလွန်ေ ရာင်ခြည် အလွန်ပြင်း ထန်သည့် အဆင့် အထိ မြင့်မည်

Photo: ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်သည့် အဆင့်အထိ မြင့်မည်

Thursday, April 4, 2013

အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည်

ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်

မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ

၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်

မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်

များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့

တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလ

ဆန်းမှ လက်ရှိအထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော တန

င်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း

တို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက်လာသည်ကို

တွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်

လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း

ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့် ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် မီဒီယာများ

ကတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်း

တို့ဖြစ်ပြီး ထိတွေ့မှုများပြားပါက မျက်စိတိမ်စွဲခြင်း အရေပြားများ အိုမင်း

ရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာရောဂါဖြစ်ခြင်း

တို့ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်းကြောင့် ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အတွင်း အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာ လှုပ်ရှား

သူများ၊ သင်္ကြန်တွင်း ရေကစားသူများနှင့် ကလေးငယ်များသည် သတိပြုကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

The Voice Weekly
အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည်ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလဆန်းမှ လက်ရှိအထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်းပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့် ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် မီဒီယာများကတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှုများပြားပါက မျက်စိတိမ်စွဲခြင်း အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာရောဂါဖြစ်ခြင်းတို့ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်းကြောင့် ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အတွင်း အလုပ်လုပ်ကိုင် သူများ နေရောင်ခြည်အောက်တွင် သွားလာ လှုပ်ရှားသူများ၊ သင်္ကြန်တွင်း ရေကစားသူများနှင့် ကလေးငယ်များသည် သတိပြုကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
The Voice Weekly

No comments:

Post a Comment