အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့်မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။
အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး အဲဒီအချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။
RFA
No comments:
Post a Comment