Tuesday, April 2, 2013

တရားထိုင်ေ နသော ရဟန်း ကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်ခဲ့ သူများဟု သံသယ ရှိသူ နှစ်ဦးကို ဘူးသီးေ တာင်တွင် ရဲက ဖမ်းဆီး

Photo: တရားထိုင်နေသော ရဟန်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သူများဟု သံသယ ရှိသူ နှစ်ဦးကို ဘူးသီးတောင်တွင် ရဲက ဖမ်းဆီး

Tuesday, 02 April 2013

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လူ (၂) ဦးကို တရားထိုင်နေသော ရဟန်းတော် တစ်ပါးအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်သူများ အဖြစ် သံသယ ရှိရာမှ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင် ဆိုသူတို့ ဖြစ်ကြသည်ဟု သိရသည်။

လွန်ခဲ့သော မတ်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဘူးသီးတောင်ထောင် အနီးရှိ ဓမ္မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း အနောက်ဘက် တောင်ကုန်း တစ်ခုပေါ်ရှိ ၀ါးတဲ ကျောင်းဆောင် တစ်ခုတွင် တစ်ပါးတည်း တရားထိုင်နေသော ဦးပညာသီရိအား အမည်မသိသူ ဘင်္ဂလီ အမျိုးသား  နှစ်ဦးက တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ကျောင်းမှ ရဟန်းတော် တစ်ပါးက ဆိုသည်။

အမည်မသိသူ နှစ်ဦးသည် တရားထိုင်နေသော တဲအနီးသို့ ချဉ်းကပ်လာပြီး  အရှင်ပညာသီရိထံမှ ဆေးလိပ် တောင်းကြောင်း၊ ဆေးလိပ် မရှိကြောင်း ပြန်လည် ဖြေကြားစဉ် တဲပေါ်သို့ တက်လာပြီး မြေကြီးသို့  ဒရွှတ်တိုက် ဆွဲချကာ ရိုက်ပုတ် ထိုးကြိတ်ခဲ့သည်ဟု ပြောသည်။

၎င်းနောက်ပိုင်း အရှင် ပညာသီရိမှ တောင်ပေါ်မှ ဆင်းလာပြီး ၎င်းဖြစ်စဉ်အား ဓမ္မဏ္ဍိုင် ဆရာတော်အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ဓမ္မဏ္ဍိုင် ဆရာတော် ဦးနာရပတိမှ ဘူးသီးတောင်ထောင် အာဏာပိုင်များအား အဆိုပါ ဖြစ်ရပ်အား သွားရောက် တိုင်ကြားရာ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင်တို့အား ပြစ်မူ ကျူးလွန်သူများ ဖြစ်သည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သူတို့ နှစ်ဦးအား  ယခုအခါ ပြစ်မူအမှတ်  ၄၅/၁၃၊ ပုဒ်မ ၄၅၂/၂၉၅ တို့ဖြင့် ဘူးသီးတောင် ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဘူးသီးတောင်တွင် ဘုန်းကြီး တစ်ပါး အသတ်ခံရသည်ဆိုသော  ကောလဟလ သတင်း မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ပျံ့နှံ့ သွားခဲ့သဖြင့် လူထု အကြား အထူး စိုးရိမ်မူ တိုးပွားခဲ့သည်ဟု သိရသည်။

narinjara
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လူ (၂) ဦးကို တရားထိုင်နေသော ရဟန်းတော် တစ်ပါးအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်သူများ အဖြစ် သံသယ ရှိရာမှ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင် ဆိုသူတို့ ဖြစ်ကြသည်ဟု သိရသည်။လွန်ခဲ့သော မတ်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဘူးသီးတောင်ထောင် အနီးရှိ ဓမ္မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း အနောက်ဘက် တောင်ကုန်း တစ်ခုပေါ်ရှိ ၀ါးတဲ ကျောင်းဆောင် တစ်ခုတွင် တစ်ပါးတည်း တရားထိုင်နေသော ဦးပညာသီရိအား အမည်မသိသူ ဘင်္ဂလီ အမျိုးသား နှစ်ဦးက တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ကျောင်းမှ ရဟန်းတော် တစ်ပါးက ဆိုသည်။
အမည်မသိသူ နှစ်ဦးသည် တရားထိုင်နေသော တဲအနီးသို့ ချဉ်းကပ်လာပြီး အရှင်ပညာသီရိထံမှ ဆေးလိပ် တောင်းကြောင်း၊ ဆေးလိပ် မရှိကြောင်း ပြန်လည် ဖြေကြားစဉ် တဲပေါ်သို့ တက်လာပြီး မြေကြီးသို့ ဒရွှတ်တိုက် ဆွဲချကာ ရိုက်ပုတ် ထိုးကြိတ်ခဲ့သည်ဟု ပြောသည်။
၎င်းနောက်ပိုင်း အရှင် ပညာသီရိမှ တောင်ပေါ်မှ ဆင်းလာပြီး ၎င်းဖြစ်စဉ်အား ဓမ္မဏ္ဍိုင် ဆရာတော်အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။
ဓမ္မဏ္ဍိုင် ဆရာတော် ဦးနာရပတိမှ ဘူးသီးတောင်ထောင် အာဏာပိုင်များအား အဆိုပါ ဖြစ်ရပ်အား သွားရောက် တိုင်ကြားရာ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင်တို့အား ပြစ်မူ ကျူးလွန်သူများ ဖြစ်သည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
သူတို့ နှစ်ဦးအား ယခုအခါ ပြစ်မူအမှတ် ၄၅/၁၃၊ ပုဒ်မ ၄၅၂/၂၉၅ တို့ဖြင့် ဘူးသီးတောင် ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဘူးသီးတောင်တွင် ဘုန်းကြီး တစ်ပါး အသတ်ခံရသည်ဆိုသော ကောလဟလ သတင်း မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ပျံ့နှံ့ သွားခဲ့သဖြင့် လူထု အကြား အထူး စိုးရိမ်မူ တိုးပွားခဲ့သည်ဟု သိရသည်။
narinjara

No comments:

Post a Comment