သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား
ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက
ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။
စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း
အမြောက်အများ ဆုံးရှုံးကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့် သို့
ပြောသည်။ “ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင် ထားတဲ့ ဓါးပြ ၃ ယောက်က
ဝင်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။
ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု
မြို့ခံတစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင်
ရဲကင်းတစ်ခုရှိပြီး ဓါးပြများ က သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး
သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံ များ၏ အဆိုအရ သိရသည် ။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment