Sunday, April 21, 2013

သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်


Photo: သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်
Sunday, April 21, 2013

အနိစ္စသဘောကတော့ အမြဲ မရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြတာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီးမှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယားက ဆော်ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။ အကောင်းမှ မရှိပဲကိုးဗျ။ ဒီတော့ကာ ရှင်သန်နေဆဲကာလမှာ အရသာ ရှိတာလေးကိုတော့ မေ့လို့ ရမယ်မထင်။ အဖြစ်ထက် အပျက်ကိုတော့ ရှုမှတ်တာပဲဗျာ။ ကောင်းတာတွေပဲ ပေါ်နေလွန်းလို့ပါ။

ဒါပေသိ… ကျုပ်ရဲ့ အီးမေလ်ကိုတော့ ကျုပ်မရှိတော့တဲ့အခါ ဘယ်မှာ… ဘယ်လို သိမ်းထားရမလည်းလို့ တွေးပူနေမိခဲ့တာလည်း အခါခါပါပဲ။ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက မြောက်မြို့ရိုးကြားက အသပြာ ပြားဝက်မျှကို တပ်မက်တဲ့ စိတ်နဲ့ (အခုအခါ) အိမ်ရှေ့မင်းသား၊ သူကြွယ်ဖြစ်နေတဲ့ ရေသည်ဟောင်းဟာ ဘ၀ဟောင်းရဲ့ ဒိုင်ယာရီကို စိတ်ထဲ အစွဲ ရှိခဲ့သေးတာပဲဗျာ။ ဘယ်နှယ့် ဒီ အီးမေလ်နဲ့ ဖေ့ဘုတ်ကို ဘယ်လို မေ့လို့ရမှာလည်းကွယ်။  ပုထုဇနော ဥမ္မာတကောတဲ့။ ကျုပ်လည်း ပုထုဇဉ်ပါ။ အဲဒီနေရာလေးမှာပဲ ဒုက္ခတွေ၊ သုခတွေ၊ ရှုစားစရာတွေကို ခံစားရှုမြင်ရင်း ဘ၀ရဲ့ နာရီထက်ဝက်ကျော်ကို ပေးအပ်ခဲ့သူမဟုတ်လား။ ပြီးတော့လည်း ဘုစုခရုအရွယ်ကတည်း ကျုပ်ရဲ့ပုံတွေ၊ ကာလသား အရွယ်က နှစ်ပါးသွားပုံတွေ။ အခြားအခြားသော လုပ်ငန်းခွင် မိတ်ဆွေများနဲ့ ပုံတွေ၊ စာတိုပေစတွေ၊ ကျုပ်ရဲ့ ကိုယ်ပိုင်ဒဿနတွေ၊ ပေးစာ ပြန်စာတွေ၊ တခ်လုပ်ထားတဲ့ ရှုခင်းပုံ လန်းလန်းလေးတွေ၊ ချက်တင်က မတ်ဆေ့ခ်ျတွေ… သူငယ်ချင်း ငါးထောင်ကျော်… ဒါတွေကို ဘယ်လို ထားရစ်ခဲ့ရမလည်းကွယ်။ ကျုပ်ကတော့ မကြာခင် သွားရတော့မှာ အသေအချာ။

အခုတော့ ဆရာဂူးဂယ်ကို ကျေးဇူး ထပ်တင်ရတော့မှာပ။ မသုံးဖြစ်တော့တဲ့ အီးမေးလ်ကို ကာလတစ်ခု အကြာမှာ အလိုအလျောက် ပိတ်သွားစေဖို့ဖြစ်စေ၊ အခြားသော အီးမေးလ်တစ်ခုထံကို အလိုအလျောက် ဆက်သွယ် ပေးဖို့ဖြစ်စေ စီစဉ်ထားရစ်ခဲ့နိုင်ပါတယ်။

အမွေကိစ္စ၊ ကျုပ်ရဲ့ နာရေးကို လှတ၊ ပတဖြစ်အောင် ဘယ်လို စီစဉ်ရမယ်ဆိုတာတွေ ပြီးစီးသွားတဲ့အခါမှာ နောက်ထပ် အလုပ်တစ်ခုအနေနဲ့ လုပ်ရဦးတော့မယ်။ Google ရဲ့ Inactive Account Manager ကို ကျုပ်ရဲ့ နောက်ဆုံးအချိန်မှာ သုံးခွင့်ပေးကြပါဦး။

ကျုပ်ဘ၀ ကူးပြောင်းသွားတဲ့အခါမှာ (ကာလတခုအကြာမှာ) အရှင် Google ဟာ ဒုတိယမြောက် အီးမေးလ်အကောင့်ဆီကို မတ်ဆေ့ခ်ျတွေ ပေးပို့နေလိမ့်မယ်။ ပြန်စာ မရခဲ့ရင်တော့ အရှင် Google ဟာ သဘောပေါက်လိုက်ပါလိမ့်မယ်။ ကျုပ်ဟာ ကံကြမ္မာဆိုး (တာဝတိံသာ ရောက်ပြီး အကောင်းလည်း ဖြစ်ချင် ဖြစ်မှာနော့..) တစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရပြီး Google ဘ၀ထဲကနေ အပြီးအပိုင် အနိစ္စသဘောနဲ့ ကိစ္စရှောသွားပြီလို့။

ကျုပ်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကိုလည်း အရှင် Google ဟာ နိဂုံးလှလှ ချုပ်ပေးရပါလိမ့်ဦးမယ်။ အင်း.. မွေးမေ့အသက်အပြင်၊ အရှင် google ရဲ့ ဒစ်ဂျစ်တယ် အသက်ကလည်း ရှိသမှုတ်လား။ ယခုဘ၀မှာ ခင်မင် ရင်းနှီးခဲ့ရသူ တစ်ဦးဦးကို ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကို ဆက်လက် နှင်းအပ်ခဲ့ချင်ရင်လည်း ရတယ်တဲ့။ ကိုယ်ရဲ့ ဒစ်ဂျစ်တယ်အသက်ကို ပေးအပ်ပါရစေကွယ်။

ကိုင်း ဒစ်ဂျစ်တယ် ဈာပန ချကြရအောင်...  ၃ ခါ လိုက်ဆို။

ဂူဂယ် သရဏံ ဂစ္ဆာမိ

ဒစ်ဂျစ်တယ် သရဏံ ဂစ္ဆာမိ

Facebook သရဏံ ဂစ္ဆာမိ

သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော ဖွင့်လှစ်ထားသော ဒစ်ဂျစ်တယ် အကောင့်တို့သည်၊ အနိစ္စာ၊ တချိန်ချိန်တွင် ပိတ်သွားခြင်းသည်သာလျှင် နိဂုံးကမ္ပတ် အဆုံးသတ် ရချေပါတကား။ 

ဒစ်ဂျစ်တယ်သစ္စာနဲ့

သျှင်အနုရောဓိ
မောက္ခမဂ္ဂဇင်း

အနိစ္စသဘောကတော့ အမြဲမရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြ တာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီး မှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယား က ဆော် ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။ အကောင်းမှ မရှိပဲကိုးဗျ။ ဒီတော့ကာ ရှင်သန်နေဆဲကာလမှာ အရသာ ရှိတာလေးကိုတော့ မေ့လို့ ရမယ်မထင်။ အဖြစ်ထက် အပျက်ကိုတော့ ရှုမှတ်တာပဲဗျာ။ ကောင်းတာတွေပဲ ပေါ်နေလွန်းလို့ပါ။ ဒါပေသိ… ကျုပ်ရဲ့ အီးမေလ်ကိုတော့ ကျုပ်မရှိတော့တဲ့အခါ ဘယ်မှာ… ဘယ်လို သိမ်းထားရမလည်းလို့ တွေးပူနေမိခဲ့တာလည်း အခါခါပါပဲ။ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲ က မြောက်မြို့ရိုးကြားက အသပြာ ပြားဝက်မျှကို တပ်မက်တဲ့ စိတ်နဲ့ (အခုအခါ) အိမ်ရှေ့မင်းသား၊ သူကြွယ်ဖြစ်နေတဲ့ ရေသည်ဟောင်းဟာ ဘ၀ဟောင်းရဲ့ ဒိုင်ယာရီကို စိတ်ထဲ အစွဲ ရှိခဲ့သေးတာပဲဗျာ။ ဘယ်နှယ့် ဒီ အီးမေလ်နဲ့ ဖေ့ဘုတ်ကို ဘယ်လို မေ့လို့ရမှာလည်းကွယ်။ ပုထုဇနော ဥမ္မာတကောတဲ့။ ကျုပ်လည်း ပုထုဇဉ်ပါ။ အဲဒီနေရာလေးမှာပဲ ဒုက္ခတွေ၊ သုခတွေ၊ ရှုစားစရာတွေကို ခံစားရှုမြင်ရင်း ဘ၀ရဲ့ နာရီထက်ဝက်ကျော်ကို ပေးအပ်ခဲ့သူမဟုတ်လား။ ပြီးတော့လည်း ဘုစုခရုအရွယ်ကတည်း ကျုပ်ရဲ့ပုံတွေ၊ ကာလသား အရွယ်က နှစ်ပါးသွားပုံတွေ။ အခြားအခြားသော လုပ်ငန်းခွင် မိတ်ဆွေများနဲ့ ပုံတွေ၊ စာတိုပေစတွေ၊ ကျုပ်ရဲ့ ကိုယ်ပိုင်ဒဿနတွေ၊ ပေးစာ ပြန်စာတွေ၊ တခ်လုပ်ထားတဲ့ ရှုခင်းပုံ လန်းလန်းလေးတွေ၊ ချက်တင်က မတ်ဆေ့ခ်ျတွေ… သူငယ်ချင်း ငါးထောင်ကျော်… ဒါတွေကို ဘယ်လို ထားရစ်ခဲ့ရမလည်းကွယ်။ ကျုပ်ကတော့ မကြာခင် သွားရတော့မှာ အသေအချာ။

အခုတော့ ဆရာဂူးဂယ်ကို ကျေးဇူး ထပ်တင်ရတော့မှာပ။ မသုံးဖြစ်တော့တဲ့ အီးမေးလ်ကို ကာလတစ်ခု အကြာမှာ အလိုအလျောက် ပိတ်သွားစေဖို့ဖြစ်စေ၊ အခြားသော အီးမေးလ်တစ်ခုထံကို အလိုအလျောက် ဆက်သွယ် ပေးဖို့ဖြစ်စေ စီစဉ်ထားရစ်ခဲ့နိုင်ပါတယ်။

အမွေကိစ္စ၊ ကျုပ်ရဲ့ နာရေးကို လှတ၊ ပတဖြစ်အောင် ဘယ်လိုစီစဉ်ရမယ်ဆိုတာတွေ ပြီးစီးသွားတဲ့ အခါမှာ နောက်ထပ် အလုပ်တစ်ခုအနေနဲ့ လုပ်ရဦးတော့မယ်။ Google ရဲ့ Inactive Account Manager ကို ကျုပ်ရဲ့ နောက်ဆုံးအချိန်မှာ သုံးခွင့်ပေးကြပါဦး။

ကျုပ်ဘ၀ ကူးပြောင်းသွားတဲ့အခါမှာ (ကာလတခုအကြာမှာ) အရှင် Google ဟာ ဒုတိယမြောက် အီးမေးလ်အကောင့်ဆီကို မတ်ဆေ့ခ်ျတွေ ပေးပို့နေလိမ့်မယ်။ ပြန်စာ မရခဲ့ရင်တော့ အရှင် Google ဟာ သဘောပေါက်လိုက်ပါလိမ့်မယ်။ ကျုပ်ဟာ ကံကြမ္မာဆိုး (တာဝတိံသာ ရောက်ပြီး အကောင်းလည်း ဖြစ်ချင် ဖြစ်မှာနော့..) တစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရပြီး Google ဘ၀ထဲကနေ အပြီးအပိုင် အနိစ္စသဘောနဲ့ ကိစ္စရှောသွားပြီလို့။

ကျုပ်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကိုလည်း အရှင် Google ဟာ နိဂုံးလှလှ ချုပ်ပေးရပါလိမ့်ဦးမယ်။ အင်း.. မွေးမေ့အသက်အပြင်၊ အရှင် google ရဲ့ ဒစ်ဂျစ်တယ် အသက်ကလည်း ရှိသမှုတ်လား။ ယခုဘ၀မှာ ခင်မင်ရင်းနှီးခဲ့ရသူ တစ်ဦးဦးကိုကိုယ့်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကို ဆက်လက် နှင်းအပ်ခဲ့ချင် ရင်လည်း ရတယ်တဲ့။ ကိုယ်ရဲ့ ဒစ်ဂျစ်တယ်အသက်ကို ပေးအပ်ပါရစေကွယ်။

ကိုင်း ဒစ်ဂျစ်တယ် ဈာပန ချကြရအောင်... ၃ ခါ လိုက်ဆို။

ဂူဂယ် သရဏံ ဂစ္ဆာမိ

ဒစ်ဂျစ်တယ် သရဏံ ဂစ္ဆာမိ

Facebook သရဏံ ဂစ္ဆာမိ

သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော ဖွင့်လှစ်ထားသော ဒစ်ဂျစ်တယ် အကောင့်တို့သည်၊ အနိစ္စာ၊ တချိန်ချိန်တွင် ပိတ်သွားခြင်းသည်သာလျှင် နိဂုံးကမ္ပတ် အဆုံးသတ် ရချေပါတကား။

ဒစ်ဂျစ်တယ်သစ္စာနဲ့

သျှင်အနုရောဓိ
မောက္ခမဂ္ဂဇင်း

No comments:

Post a Comment