Tuesday, August 28, 2012

ပြည်ပရောက် မြန်မာနိုင်ငံသား ၂၀၈၂ ဦးကို Black list စာရင်းမှ ပယ်ဖျက်



ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အမည်မည်း စာရင်း(Black List ) သတ်မှတ်ခံထားရသည့် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။


ထိုသို့ ပယ်ဖျက်ပေးလိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။


ယခင်အစိုးရလက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်မည်း စာရင်း (Black List ) သတ်မှတ်ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ပါသည်။

အမည်မည်း စာရင်း (Black List )မှ ပယ်ဖျက်ပေးလိုက်သော ၂၀၈၂ ဦးတွင် မည်သူများ ပါဝင်သည်ဆိုသော အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။      
             
From: Eleven

No comments:

Post a Comment