ချင်းပြည်နယ်ရဲ့
စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA)
လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက
မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။
မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။
“ဂျပန်အစိုးရရဲ့
ODA (Oversea Development Agency) ကနေပြီးတော့ ချေးငွေ ထုတ်ချေးမယ့်
အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရကနေ MOU ထိုးပြီးမှ လုပ်ပေးတဲ့
အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ တဆင့်ဖြစ်ပါတယ်။ စုစုပေါင်း သန်းပေါင်း
၉၉၀၀ ဖြစ်ပါတယ်။ အဓိက ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်ပါ’’
“ကျွန်တော်တို့
ဝဥ စိုက်ပျိုးရေးလုပ်ငန်း၊ စပါးစိုက်ပျိုးရေးလုပ်ငန်း၊ နွားနောက်
မွေးမြူရေး လုပ်ငန်းတွေမှာ အများကြီး ဖွံ့ဖြိုး တိုးတက်လာမှာပေါ့။ အခုက
ကျွန်တော်တို့ လုပ်ငန်း လုပ်ချင်ပေမယ့်လည်း ငွေကြေး ရင်းနှီးမှုက
ခက်ခဲနေကြတာကိုး။ ပြည်သူလူထုက ခုလို ချေးငွေတွေ လာရင်တော့
ကျွန်တော်တို့အတွက် များစွာ အထောက်အကူပြုမှာပေါ့’’
ဂျပန်နိုင်ငံအခြေစိုက် JICA အေဂျင်စီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အခြေစိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ကဏ္ဍတွေမှာ ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီစဉ် (UNDP) 2011 ခုနှစ် စစ်တမ်းကောက်ယူချက်အရ ချင်းပြည်
နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်း ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံး ပြည်နယ်
ဖြစ်ပါတယ်။
No comments:
Post a Comment