Saturday, August 18, 2012

ပြည်တွင်း ငြိမ်းချမ်းေ ရးကို မဖြစ်မနေ ရ ယူရမယ်လို့ ဒုတိယသ မ္မတ ဒေါက်တာ စိုင်းမော က်ခမ်းကပြော


18 Aug 2012


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ပထမအကြိမ်အစည်း
အဝေးမှာ “မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါများကြွယ်ဝတဲ့
နိုင်ငံဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်၊ လူဦးရေ သင့်တင့်မျှတစွာရှိတဲ့
နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှမှာ စီးပွားရေး ထိပ်တန်းက ပါဝင်ခဲ့တဲ့ နိုင်ငံကနေ ယခုစီးပွားရေးချွတ်ခြုံကျပြီး ကမ္ဘာဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC ဖြစ်နေရတာဟာ ပြည်တွင်း လက်နက်ကိုင် ငြိမ်းချမ်းရေး မရရှိတဲ့အချက်တစ်ချက် ပါဝင်နေတယ်လို့ ဒုတိယသမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။

ပကတိ အခြေအနေအရ နိုင်ငံတော်ရဲ့ ကံကြမ္မာဟာ ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှု အပေါ်မှာ လုံးဝ မူတည်နေတယ်ဆိုသည့် သဘောပါရှိနေတဲ့ အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လိုပင် ဖြစ်ပါစေ မဖြစ်မနေ ရအောင်ယူရမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကလွဲပြီး အခြားရွေးစရာ လမ်းမရှိ ဖြစ်နေကြောင်း၊ ဒါကြောင့်မို့ ငြိမ်းချမ်းရေးဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက် အချိုးကျနေကြောင်း၊ ဥပမာအားဖြင့် တိုးတက်နေတဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံတွေနဲ့
နှိုင်းယှဉ်ကြည့်နိုင်သလို လက်နက် ကိုင်ပဋိပက္ခများဟာ တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျမှုနဲ့လည်း ယေဘုယျအားဖြင့် ပတ်သက်ဆက်နွယ်နေ
တယ်လို့ ပြောဆိုနိုင်ကြောင်းကိုလည်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြောင်း အမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး မယူခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နဲ့ ပြည်နယ် အဆင့်နဲ့သော်လည်းကောင်း၊ ပြည်ထောင်စု အဆင့်နဲ့သော်လည်းကောင်း သဘောထား တူညီတဲ့ အချက်တွေကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး
ခဲ့ပြီး ဖြစ်ကြောင်းနဲ့ နောက်ဆုံး ကျန်ရှိနေသေးတဲ့ ကချင်ပြည်နယ်က KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိနေ
တယ်လို့ ပြောကြားသွားပါတယ်။


No comments:

Post a Comment