Saturday, August 18, 2012

နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အစားအသောက်နှင့် ဆေးဝါးများ စနစ်တကျ စစ်ဆေးမည်



ပြည်ပမှတင်သွင်းလာသော ကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းမှ စစ်ဆေးနိုင်ရန်အတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)မှ ဝန်ထမ်းများအား သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်း ၁၃ ခု မှ ကုန်ပစ္စည်းများ ဝင်ရောက်လျက်ရှိရာ တရုတ် နိုင်ငံအနီးရှိ မူဆယ် ၁ဝ၅ မိုင် စခန်းနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ မြဝတီ နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ဝင်ရောက်လာသော ကုန်ပစ္စည်းများကို စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမူဆယ် ၁ဝ၅ မိုင် စခန်းနှင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ တစ်ဆင့်ဝင်ရောက်လာသော အစားအသောက်နှင့် ဆေးဝါးတို့မှာ စစ်ဆေးမှုမရှိခဲ့၍ ယခင်နှစ်များက နို့မှုန့်အတွင်း မယ်လမင်းပါဝင်မှုရှိခြင်းနှင့် စားဆီများတွင် စားသုံးရန်မသင့်သော ဘေးထွက်ပစ္စည်းများပါရှိပြီး စားသုံးသူများအတွက် အန္တရာယ်ရှိသော စားသောက်ကုန် ပစ္စည်းများဖြစ်ခဲ့ကြောင်း၊ ပြည်တွင်း ရောက်မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ နောက်နောင်တွင် ထိုကဲ့သို့ စားသုံးသူ အတွင်းရောက်ရှိမှ စားသုံးရန်မသင့် သောအဖြစ်မျိုး မရောက်ရှိစေရန် မြန်မာ နိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဝန်ထမ်းများက နယ်စပ် ကုန်သွယ်ရေး စခန်းများသို့ မကြာမီ သွားရောက်စစ်ဆေး တော့မည်ဖြစ်ကြောင်း အဆိုပါ ဌာနမှသိရသည်။

No comments:

Post a Comment