Saturday, August 18, 2012

တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ကိုင်တက်ခ် တိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရ



နန်နင်း သြဂုတ် ၁၈
 


တရုတ်နိုင်ငံတောင်ပိုင်းရှိ ကမ်းရိုးတန်းဒေသများတွင် သြဂုတ် ၁၇ ရက်က တိုင်ဖွန်းမုန်တိုင်း ကိုင်တက်ခ် တိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ထောင်ပေါင်းများစွာသော ခရီးသည်များ လေဆိပ်တွင်သောင်တင် လျက်ရှိကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း ကိုင်တက်ခ်သည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်သော (၁၃)ကြိမ်မြောက် အပူပိုင်း မုန်တိုင်းဖြစ်ပြီး ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပေဟိုင်မြို့တွင်လည်း ဝင်ရောက်တိုက်ခတ်ခဲ့သော ကြောင့် ၎င်းမြို့ရှိ လေဆိပ်မှ ဟောင်ကောင်နှင့် ကူမင်သို့ထွက်ခွာမည့် လေကြောင်းခရီးစဉ် လေးခုကို ဖျက်သိမ်း ခဲ့ရသည်။
ထို့ပြင် ဟိုင်နန်ကျွန်းတောင်ပိုင်း ဟိုင်တိုမြို့ရှိ မေလန်နိုင်ငံတကာလေဆိပ် တွင်လည်း ဆိုက်ရောက်လေယာဉ် ၁၄ စင်းနှင့်ထွက်ခွာမည့် လေယာဉ်ခြောက်စင်းတို့ကို ဖျက်သိမ်းခဲ့ရသောကြောင့် လေဆိပ်တွင် ခရီးသည်များ သောင်တင် လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment