Thursday, August 2, 2012

မြစ်ကြီးနားမှ ငလျှင်လှုပ်





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် မိုင် ၉၀ ခန့်အကွာတွင် ပြင်းအား ရစ်ချတ်တာစကေး ၄.၇ ရှိ မြေငလျင်တခု ကြာသပတေးနေ့ နံနက် ၄ နာရီ ၂၈ မိနစ်က ၁၆ စက္ကန့်ကြာ လှုပ်ခတ်ခဲ့သည်ဟု နေပြည်တော် မြေငလျင် တိုင်းတာရေးစခန်းမှ တာဝန်ရှိသူ တဦးက  ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း မြေငလျင် ခြောက်ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး ယခု ငလျင်သည် သြဂုတ်လအတွင်း ပထမဆုံး လှုပ်ခတ်မှုလည်း ဖြစ်သည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးစခန်း အဆိုအရ မြောက်လတ္တီကျူ ၂၆ ဒီဂရီ ၀၇၂ နှင့် အရှေ့ လောင်တီကျူ ၉၆ ဒီဂရီ ၃၂၂ တို့တွင် ဗဟိုပြု၍ ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈၂ မိုင် အကွာ၊ အိန္ဒိယနိုင်ငံ၊ ခွန်ဆမြို့ အရှေ့တောင်ဘက် ၈၀ မိုင် အကွာတွင် ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

No comments:

Post a Comment