
ဒေလီ၊ သြဂုတ် ၂
အိန္ဒိယတွင် နှစ်ရက်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြော

The Economic Times သတင်းစာကလည်း “အိန္ဒိယနိုင်ငံသစ် စီမံကိန်း သစ်၏ အစွမ်း - နိုင်ငံ၏ ၅၀ ရာခိုင်နှုန်း မှောင်အတိကျ” ဟူသော ခေါင်းစဉ်ဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သည့်ကိစ္စကို ဝေဖန်ပြစ်တင်ခဲ့သည်။ ယခုလျှပ်စစ်မီးပြတ်တောက်မှုကြောင့် လူ သန်း ခြောက်ရာခန့် ထိခိုက်နစ်နာခဲ့ရသဖြင့် အိန္ဒိယသည် အိုင်တီနည်းပညာနိုင်ငံတစ်ခုဖြစ်နေခြင်းဆိုသော ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ၄င်းသတင်းစာက ဖော်ပြခဲ့သည်။စွမ်းအင်ဝန်ကြီး ဆူရှီကူးမား ရှင်းအား ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ခြင်းကိ
ုလည်း The Times of India သတင်းစာက “ရမယ်ရှာမရသော ဓာတ်အားပြတ်တောက်မှု” ဟူသော ခေါင်းစဉ်ဖြင့် သရော်ရေးသားခဲ့သည်။ နိုင်ငံ၏ထက်ဝက်ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အခက်ကြုံနေရစဉ်တွင် ဝန်ကြီးနေရာ အပြောင်းအလဲလုပ်ဆောင်ခြင်းကား တိုင်တန်းနစ်သင်္ဘောသည် ရေခဲတောင်ကြီးအား တိုက်မိပြီး နစ်မြုပ်လုနီးချိန်တွင် သင်္ဘော ကတ်ပတိန် အပြောင်းအလဲလုပ်ခြင်းနှင့် တူနေကြောင်း ၄င်းသတင်းစာက ရေးသားခဲ့ပြန်သည်။ အိန္ဒိယတွင် စနစ်ကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံရေး ဇွဲစိတ်သန်သန်ဖြင့် မလုပ်ဆောင်နိုင်ပါက ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများထပ်မံဖြစ်ဦးမည်ဖြစ်ကြောင်း ၄င်းသတင်းစာက ထပ်မံဝေဖန်ခဲ့သည်။အိန္ဒိယတွင် စောင်ရေအများဆုံးထုတ်ဝေနေရသည့် ဟင်ဒီဘာသာသတင်းစာ ဒိုင်နစ် ဂျာဂရန်ကလည်း အခြားနိုင်ငံများတွင် သဘာဝဘေးများကြောင့်သာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသော်လည်း အိန္ဒိယတွင်မူ ကာလကြာရှည်နေပြီဖြစ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုဆိုင
်ရာ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် နိုင်ငံသားများသည် အစိုးရ၏ အမှောင်ထုတွင် နစ်မြုပ်နေရကြောင်း ရေးသားခဲ့သည်။
No comments:
Post a Comment