Thursday, August 2, 2012

KIA စစ်ဆင်ရေးအခြေအနေ လိမ်တင်ဟုဆို



အစိုးရ တပ်ဖွဲ့အား စစ်ဆင်နေသောထဲ၌ ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့ တချို့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။ “ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့ တပ်ဖွဲ့တွေရှိသလို ဗဟိုစခန်းနားက ရှေ့တန်းတပ် တွေမှာတော့ တိုက်ပွဲ မရှိတဲ့ နေရာကိုလည်း တိုက်ပွဲရှိနေကြောင်း လိမ်ပြီး သတင်းပို့နေတာ ရှိပါတယ်။ ပြီးတော့ မော်တာတွေ ၊ အာပီဂျေတွေ နဲနဲပါးပါးပစ်ပြီး၊ တိုက်ပွဲဖြစ် နေကြောင်း သတင်းပို့နေတာလည်း တွေ့ရတယ်။ ဒါကိုကြည့်ရင်တော့ ကျွန်တော်တို့ တပ်ဖွဲ့တချို့ဟာ တော်တော် ဒုက္ခရောက် နေကြလို့ တိုက်ပွဲ ဆက်တိုက် လိုစိတ်တွေ သိပ်ရှိပုံ မပေါ်တော့ဘူးလေ”ဟု ဆိုပါသည်။ သို့သော်လည်း KIA ဗဟို စခန်းဝန်းကျင်၌ တပ်အင်အားများ ဖြည့်တင်းထားပြီး နေ့စဉ် ပစ်ခတ်မှုများ ရှိနေပါသည်။ KIA သည် အစိုးရ တပ်ဖွဲ့ထံ ကျဆုံးသွားသော ၄င်းတို့ စခန်းများ ပြန်လည် ရရှိရန် အပြင်းအထန် တိုက်ခိုက်လေ
့ရှိပါသည်။ ထိုအခါမျိုးတွင်လည်း စခန်းအခြေအား မိုင်းထောင်ကာ ရိက္ခာဖြတ်နည်း ၊ မော်တာများဖြင့် အကြိမ်ကြိမ် ပစ်နေခြင်း ၊ ရဲဘော်သစ်များနှင့် ရှမ်းစစ်သည်များအား ဘိန်းနှင့် အရက်တိုက်ကာ အတင်းတိုက်စေခြင်းအပြင် ပြန်လည်ဆုတ်ခွါလာပါက စက်သေနတ်များဖြင့် စောင့်ဆိုင်း ပစ်သတ်နည်းများဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောပါသည်။ “သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့ တချို့တပ်တွေကတော့ အပြင်းထန် တိုက်ခိုက်ပုံ မရဘူး အေးအေးဆေးဆေး တတ်လာတယ် ဆိုပေမဲ့လို့ ကျသွားတဲ့ ကျနော်တို့ စခန်း (၂) ခုကတော့ အခုထိပြန်လည် မသိမ်းပိုက် နိုင်သေးပါဘူး”ဟု ဗဟိုတပ်မှူး တဦးက ဆိုပါသည်။ တဖန် ဗဟိုရှိ ကွန်ပျူတာ ဌာနမှ အရာရှိငယ်တစ်ဦးကလည်း ' ကျွန်တော်တို့ တတ်လာသမျှ အစီရင်ခံစာတွေ လက်နက်တောင်းတဲ့ ဟာတွေ စစ်ကူတောင်းတဲ့ ကြေးနန်းတွေ ကို ဖတ်နေမိတိုင်း အိမ်မှာ ဖမ်းမိထားပြီး မစားသေးပဲ ကိုင်မြောက်လိုက် ရိုက်ချလိုက် အမြီးကိုဖိထားပြီးပြေးခိုင်းလိုက်နဲ့ ဖတ်ဖတ်မောနေတဲ့ ကြွက်တစ်ကောင် လို ခံစားရတယ် " လို့ တိုးတိုးတိတ်တိတ် ရင်ဖွင့်လာပါသည် ။အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားအား ဖိတ်ကြားခဲ့သလို၊ နော်ဝေးနိုင်ငံမှ စေလွှတ်ထားသော ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် Myanmar Peace Support Initiative (MPSI) အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါ သည်။ ဤကဲ့သို့ ပူးပေါင်း ဆောင်ရွက်နေသည့်ကြားမှ KIO နှင့် အစိုးရ တပ်ဖွဲ့တို့သည် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှ ယမန်နေ့ ၂၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ကိုးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စတင်တိုက်ပွဲဖြစ်လာခဲ့သည့် တနှစ်ကျော် အချိန်မှ ရေတွက်လျှင် တိုက်ပွဲပေါင်း (၁၆၇၀) ခန့် ရှိခဲ့ပြီး ဖြစ်ပြီး ကေအိုင်အိုဘက်မှ ကချင်တိုင်းရင်းသားစစ်သည် ၁၇၀ ကျော် ကျဆုံးပြီး ၁၂၆ ယောက်ပျောက်ဆုံးကာ ၂၃၂ ယောက် ဒဏ်ရာရနေပါသည် ။ ကေအိုင်အေ စစ်သည်များထဲမှ ရှမ်းစစ်သည် ၃၀၀ ကျော် ကျဆုံးခြင်းပျောက်ဆုံးခြင်းအပြင် ၆၀၀ ကျော် ဒဏ်ရာရထားပါသည် ။ ဒါကြောင့် လက်အောက်စစ်သည်များမှ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှူကို လက်ခံစေလိုကြောင်း အထက်အရာရှိများကိုပင် အာခံပြောကြားလာတာကြောင့် ကေအိုင်အေ အနေဖြင့် ယခုအချိန် လွန်စွာ စိုးရိမ်စရာကောင်းနေပါကြောင်း ဗဟိုမှ ဗိုလ်မှူးတစ်ဦးက လည်း ပြောကြားသွားပါသည် ။

www.kachindailynewsblogspot.com

No comments:

Post a Comment