Wednesday, August 1, 2012

Word Bank က မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ကန်ဒေါ်လာ ၈၅ သန်းပေးအပ်

၁ သြဂုတ် ၂၀၁၂။ ကမ္ဘာ့ဘဏ်က နှစ်ပေါင်း (၂၀)အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ထောက်ပံ့ ကြေးငွေ အမေရိ ကန်ဒေါ်လာ (၈၅)သန်း ပေးအပ်မှာဖြစ်ကြောင်း ရန်ကုန်မြို့မှာ ဒီကနေ့မှာ ပြုလုပ်တဲ့  သတင်းစာ ရှင်းလင်းပွဲမှာ ကမ္ဘာ့ ဘဏ် အရှေ့အာရှနဲ့ ပစီဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဌ Pamela Cox က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ထောက်ပံ့ကြေးငွေတွေကို လာမယ့် အောက်တိုဘာလထဲမှာ ပေးအပ်မှာဖြစ်ပြီး အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုး တက်ရေး၊ လူထုဖွံ့ဖြိုးရေးနဲ့ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများရဲ့ အခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးရေး အတွက် ဦးစားပေး ကူညီ သွားမှာ ဖြစ်ပါတယ်။ မြန်မာအနေနဲ့လည်း ကမ္ဘာ့ဘဏ်ကို ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ အကြွေး ဒေါ်လာသန်း (၄)ရာ ၀န်းကျင်လောက်ကို လာမယ့်နှစ်ဆန်းပိုင်းမှာ အပြီး ပြန်လည် ပေးဆပ်ဖို့ မျှော်လင့်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အရာရှိက ပြောဆိုသွားပါတယ်။(Photos: Zay Gyi)

၁ သြဂုတ် ၂၀၁၂။ ကမ္ဘာ့ဘဏ်က နှစ်ပေါင်း (၂၀)အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ထောက်ပံ့ ကြေးငွေ အမေရိ ကန်ဒေါ်လာ (၈၅)သန်း ပေးအပ်မှာဖြစ်ကြောင်း ရန်ကုန်မြို့မှာ ဒီကနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကမ္ဘာ့ ဘဏ် အရှေ့အာရှနဲ့ ပစီဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဌ Pamela Cox က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ထောက်ပံ့ကြေးငွေတွေကို လာမယ့် အောက်တိုဘာလထဲမှာ ပေးအပ်မှာဖြစ်ပြီး အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုး တက်ရေး၊ လူထုဖွံ့ဖြိုးရေးနဲ့ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများရဲ့ အခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးရေး အတွက် ဦးစားပေး ကူညီ သွားမှာ ဖြစ်ပါတယ်။ မြန်မာအနေနဲ့လည်း ကမ္ဘာ့ဘဏ်ကို ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ အကြွေး ဒေါ်လာသန်း (၄)ရာ ၀န်းကျင်လောက်ကို လာမယ့်နှစ်ဆန်းပိုင်းမှာ အပြီး ပြန်လည် ပေးဆပ်ဖို့ မျှော်လင့်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အရာရှိက ပြောဆိုသွားပါတယ်။

No comments:

Post a Comment