Wednesday, August 1, 2012

ဝင်ဘာလေအားက စားကွင်း အတွင်းတံခါးမကြီး၏ သော့ပျောက်ဆုံးဟုဆို





အိုလံပစ်အားကစားပြိုင်ပွဲများ  ကျင်းပရာနေရာတစ်နေ ရာဖြစ်သည့်  လန်ဒန်မြို့ရှိ  ဝင်ဘာလေအားကစား  ကွင်း(အပေါ်ပုံ)အား  ဖွင့်လှစ်မည့် သော့တွဲများ ပျောက်ဆုံးသွားခဲ့ ကြောင်း ၄င်းအားကစားကွင်းအား စောင့်ကြပ်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် များက ဇူလိုင် ၃ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ သော့တွဲအား ရဲတပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိပြီး စကော့တလန်ယာ့ဒ်အဖွဲ့ကလည်း ၄င်းပျောက်ဆုံးမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော်လည်း ကစားကွင်းလုံခြုံရေးပိုင်းတွင် ထိခိုက်မှုမရှိကြောင်း အားကစားပွဲတော် ကျင်းပရေးကော်မတီမှ အဖွဲ့ဝင်များက အခိုင်အမာပြောကြားခဲ့သည်။
ပျောက်ဆုံးသွားသော သော့တွဲမှာ အားကစားကွင်း၏ အတွင်းတံခါးမကြီးကိုဖွင့်သည့် သော့များဖြစ်ပြီး ယခုအခါ တွင် ၄င်းသော့အစားသော့ခလောက် အသစ်များကို ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း ၄င်းအဖွဲ့မှ ပြောကြားခဲ့သည်။
ယင်းကဲ့သို့ သော့တွဲများ ပျောက်ဆုံးသွားခြင်းကို ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်၍မရကြောင်း စကော့တလန်ယာ့ဒ် အဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment