Wednesday, August 1, 2012

ပဲရစ်မြို့တစ်မြို့လုံးကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်သည့် ပြင်သစ်လက်မှုပညာရှင်တစ်ဦး၏ ဥယျာဉ်




ပြင်သစ်နိုင်ငံသား လက်မှုပညာ ရှင်တစ်ဦးသည် ကိုယ် ပိုင်ဥယျာဉ်အတွင်း၌ ၄င်း၏လက် မှုပညာဖြင့် တည်ဆောက်ခဲ့ရာ ပဲရစ်မြို့ အသေးစားပုံစံကို အချိန် ကာလအားဖြင့် ၁၅ နှစ်ကြာ အချိန်ယူ၍ ပုံဖော်တည်ဆောက် ထားသည်ဟု သိရသည်။
အဆိုပါအမျိုးသားမှာ လက်မပညာရှင် ဂျရတ်ဘရိုင်ယန် ဆိုသူဖြစ်ပြီး ပဲရစ်မြို့တော်ကို ချစ်မြတ်နိုးလွန်းသော စိတ်ဖြင့် ၎င်းကျွမ်းကျင်သည့် လက်မှုပညာကိုအသုံးချကာ ဥယျာဉ်ထဲ၌ မြို့တော်၏ ပုံစံငယ်ကို တည်ဆောက် ထားခြင်းဖြစ်ကြောင်းနှင့် မြို့တော်ကို ထိုသို့ တည်ဆောက်ခဲ့ရာတွင်လည်း အကြမ်းဖျင်းတည်ဆောက်ခဲ့ခြင်းမဟုတ် ဘဲအသေးစိတ်ပုံဖော်တည်ဆောက်ထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏ဥယျာဉ်သည် ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင်တည်ရှိပြီး ပုံဖော်တည် ဆောက်ထားသည့် မြို့တော်ပုံစံငယ် တွင် အယ်လ်ဆိုင်းနန်းတော်၊ ဆန်မြစ်နှင့် အီဖယ်လ်မျှော်စင်တို့အပါအဝင် ပဲရစ်မြို့၏ အထင်ကရနေရာပေါင်း ၄ဝ ကျော် ပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ အထင်ကရနေရာပေါင်း ၄ဝ ကျော်၏ ပုံစံများကို တစ်နေရာတည်းတွင် မြင်တွေ့နိုင်ခြင်းကြောင့် ယခု အချိန်တွင် ဘရိုင်ယန်၏ဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင် နိုင်ဆုံးနေရာဖြစ်နေကြောင်း၊ ၎င်း၏ ဥယျာဉ်ကို လာရောက်ကြည့်ရှုသူ ကမ္ဘာလှည့်ခရီးသည်များမှာ တစ်နှစ်လျှင် ၁၅ဝဝဝဝ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

No comments:

Post a Comment